အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းအပြင်ဘက်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့
Pika (NSS) - ဧပြီ ၂ဝ
အမေရိကန်နိုင်ငံ နယူးယောက်စီးတီးမြို့ရှိ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းအပြင်ဘက်မှာ အမျိုးသားတစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပေမယ့်လည်း အဲဒီအမျိုးသားဟာ မီးလောင်ကျွမ်းမှုဒဏ်ရာတွေနဲ့ သေဆုံးသွားခြင်း ရှိ/မရှိဆိုတာကိုတော့ ဒီအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ ဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းအပြင်ဘက်မှာ အမျိုးသားတစ်ဦးရဲ့ကိုယ့်ကိုယ်ကိုယ်မီးရှို့မှုဟာ ဧပြီလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ မီးလောင်ကျွမ်းနေတဲ့ အမျိုးသားတစ်ဦးဟာ လက်နှစ်ဖက်ကို ဦးခေါင်းနောက်မှာတင်ထားပြီး ဒူးထောက်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ တစ်မိနစ်ခန့်မီးလောင်ပြီးတဲ့နောက်မှာတော့ အဲဒီအမျိုးသားဟာ မြေပြင်မှာလဲကျသွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီအဖြစ်အပျက်ကို Fox နဲ့ CNNတို့အပါအဝင် အမေရိကန်သတင်းကွန်ရက်များစွာက တိုက်ရိုက်ထုတ်လွှင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မီးငြှိမ်းသတ်မှုတွေလုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုပါအမျိုးသားရဲ့ခန္ဓာကိုယ်ကို မီးငြိမ်းသတ်တဲ့စောင်နဲ့ ဖုံးအုပ်ခဲ့ပြီး လူနာတင်ယာဉ်ပေါ်ကို တင်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ နယူးယောက်ရဲဌာနက အရာရှိတွေဟာ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အချက်အလက်တွေကို စုဆောင်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ဒေါ်နယ်ထရမ့်ရဲ့ရာဇဝတ်မှုဆိုင်ရာတရားစီရင်မှု လေးရက်မြောက်နေ့မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အပြာသရုပ်ဆောင် Stormy Daniels ကို နှုတ်ပိတ်ခအဖြစ် ငွေကြေးတွေပေးအပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး တရားရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသမ္မတကို လုပ်ကြံသတ်ဖြတ်ရန် အနောက်အုပ်စုကကြံစည်နေကြောင်း ရုရှားသမ္မတဟောင်းပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ