ယူကရိန်းသမ္မတကို လုပ်ကြံသတ်ဖြတ်ရန် အနောက်အုပ်စုကကြံစည်နေကြောင်း ရုရှားသမ္မတဟောင်းပြော
Pika(NSS) - ဧပြီ ၂ဝ
ယူကရိန်းသမ္မတဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ပိုလန်အမျိုးသားတစ်ဦးဟာ ရုရှားနိုင်ငံနဲ့ ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေဟာ ယူကရိန်းရဲ့အနောက် အုပ်စုကျောထောက်နောက်ခံနိုင်ငံတွေက ဇီလန်စကီးကို ရာထူးကနေဖြုတ်ချလိုနေတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ရုရှားထောက်လှမ်းရေးဌာနတွေဆီကို သတင်းအချက်အလက်တွေ ထောက်ပံ့ပေးဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ပိုလန်အရာရှိတွေက ဧပြီလ(၁၈)ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အဲဒီသတင်းအချက်အလက်တွေကို အသုံးပြုနိုင်ဖွယ်ရှိနေတယ်လို့ ပိုလန်နဲ့ယူကရိန်းတို့က ပြောဆိုထားပါတယ်။ ဒီမစ်ထရီမက်ဗီဒက်က 'ပိုလန်အမျိုးသားတစ်ဦးက ဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ဒီသတင်းက တကယ်ကို လေးနက်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါက အနောက်အုပ်စုနိုင်ငံတွေဟာ ဇီလန်စကီးကို ရာထူးကနေဖြုတ်ချဖို့အတွက် ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့အချက်ရဲ့ပထမဆုံးသက်သေအထောက်အထားဖြစ်နိုင်ပါတယ်။ ဇီလန်စကီးဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်သင့်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။
ပါဝဲလ်ကေလို့ အမည်ရတဲ့ ပိုလန်နိုင်ငံသားဟာ နိုင်ငံအကျိုးစီးပွားကို ဆန့်ကျင်တဲ့ ပြည်ပနိုင်ငံတွေနဲ့ လက်တွဲလုပ်ကိုင်ဖို့ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ်(၈)နှစ်အထိ ကျခံရနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ပါဝဲလ်ကေဟာ ယူကရိန်းပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ ရုရှားနိုင်ငံသားတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ပိုလန်အစိုးရက အခိုင်အမာပြောဆိုထားပါတယ်။ ဇီလန်စကီးက ရုရှားဟာ ၎င်းကိုသတ်ဖို့ နှစ်အတော်ကြာအောင် ကြိုးပမ်းခဲ့တယ်လို့လည်း အနောက်အုပ်စုမီဒီယာတွေကို ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး အသေးစိတ်လုပ်ဆောင်နေတာကြောင့် သတ်ဖို့ကြိုးပမ်းမှုတွေ အတော်များများကို ကာကွယ်နိုင်ခဲ့တယ်လို့လည်း ဇီလန်စကီးကပြောဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလွန်ကြီးမားသည့် ဒုံးကျည်ထိပ်ဖူးကို စမ်းသပ်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရကြေညာ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း