အစာအိမ်၊ အသည်း၊ ကျောက်ကပ် ပျက်စီးခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သည့် အစားအသောက် (၁၄)မျိုးကို စားသုံးခြင်းမပြုရန် FDA အသိပေး
စော (NSS) - ဧပြီ ၁၈
အစာအိမ်၊ အသည်း၊ ကျောက်ကပ် ပျက်စီးခြင်း နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်သည့် အစားအသောက်(၁၄)မျိုးကို စားသုံးခြင်းမပြုရန် FDA Myanmar က အသိပေးထုတ်ပြန်ထားသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ယခုရက်ပိုင်းအတွင်း အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ဝယ်ယူစစ်ဆေးခဲ့ရာ အစားအသောက်(၁၄)မျိုးတွင် စားသုံးများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြုဆိုးဆေးများ ပါဝင်နေမှုနှင့် ခွင့်ပြုအစားအ သောက် ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန်သုံးစွဲထားကြောင်း သိရသည်။
ထို့ကြောင့် အဆိုပါ အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးခြင်း နှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသဖြင့် စားသုံးခြင်းမပြုရန် FDA Myanmar က အသိပေးထုတ်ပြန်ထားသည်။
FDA Myanmarမှ စားသုံးရန် တားမြစ်ထားသည့် အစားအသောက်များမှာ စံထိပ်ထား အမှတ်တံဆိပ်ပါ မြန်မာ့ရိုးရာပုန်းရည်ကြီး၊ အေဇွန် အမှတ်တံဆိပ်ပါ ဆားချိုသီးနှင့် သစ်သီးယိုစုံ၊ တော်ဝင် အမှတ်တံဆိပ်ပါ သစ်သီးယိုစုံနှင့် HITO အမှတ်တံဆိပ်ပါ မန်ကျည်းတော်ဖီတို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် Furity အမှတ်တံဆိပ် အချိုရည်၊ တရုတ်စာသားပါ အမှတ်တံဆိပ် strawberry juice၊ တရုတ်စာသားပါ အမှတ်တံဆိပ် အချိုရည်၊ Queen အမှတ်တံဆိပ်ပါ Preserved in Sugar Chery ၊ Fancy အမှတ်တံဆိပ်ပါ Juice & Jelly (၂)မျိုး၊ ယိုစုံ၊ Funny Castle အမှတ်တံဆိပ်ပါ Raisin (ချစ်သူစပျစ်သီးခြောက်)၊ ဒွါရာဝတီရှယ် အမှတ်တံဆိပ်ပါ အသင့်စား ရခိုင်ငပိထောင်းနှင့် Spring’s City sesame oil အမှတ်တံဆိပ်ပါ နှမ်းဆီတို့ဖြစ်ကြောင်း သိရသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုထားသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး နိုင်ငံဘက်ခြမ်းကို ဟစ်ဘိုလာအုပ်စုက ရော့ကဒ်ဒုံးကျည်များနဲ့ ပစ်ခတ်ခြင်းကြောင့်အနည်းဆုံးလူပေါင်း (၂၀)နီးပါး ဒဏ်ရာရ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ