မန္တလေး လမ်းလျှောက်သင်္ကြန်ပွဲတော်အနီးတွင် ဗုံးပေါက်ကွဲခဲ့ရာ ၁၁ ဦးခန့် ဒဏ်ရာရရှိ
NSS - ဧပြီ ၁၄
ယနေ့ ဧပြီလ ၁၄ ရက် (မဟာသင်္ကြန်အကျနေ့) နံနက် ၁ဝ နာရီ ခန့်တွင် မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပရာ ၂၆ ဘီလမ်း (တောင်ဘက်ကျုံး) အနီးရှိ ဆိုင်ကယ်အပ်နှံရာနေရာများတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကလေးငယ် ငါးဦး အပါအဝင် ၁၁ ဦး ခန့် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
၇၁ လမ်း နှင့် ၂၇ လမ်းရှိ ဆိုင်ကယ်စတန်း နှင့် ၇၁ လမ်းနှင့် ၂၈ လမ်းရှိ ဆိုင်ကယ်အပ်နှံရာ နေရာများတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းမျိုးဖြစ်ပြီး၊ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့လာရောက်သူ လည်ပတ် ရေကစားသူ အများအပြားရှိခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားရာနေရာအနီးရှိ လူ ၁၁ ဦးခန့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယင်း ဗုံးပေါက်ကွဲမှုကြောင့် လေးနှစ်အရွယ်တစ်ဦး၊ ကိုးနှစ်အရွယ်တစ်ဦး၊ ၁ဝ နှစ်အရွယ်တစ်ဦး၊ ၁၁ နှစ်အရွယ် တစ်ဦး နှင့် ၁၃ နှစ်အရွယ်တစ်ဦးတို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့သို့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းစဥ◌်များနှင့် ဗုံးရှင်းလင်းေးရးများလုပ်ချိန်တွင်လည်း နောက်ထပ် မပေါက်ကွဲဘဲ ကျန်ရှိနေသေးသည့် ဗုံးများလည်း သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။
ယခုအချိန်အခါသည် မြန်မာနိုင်ငံသားတိုင်း၊ ဗုဒ္ဓဘာသာတိုင်း အထွဋ်အမြတ်ထားရာ မြန်မာ့နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကျင်းပရာ နှစ်ကူးကာလ လည်း ဖြစ်သည်။ သို့သော် အတိုက်အခံသမားများ၊ အကြမ်းဖက် သမားများသည် မြန်မာ့နှစ်သစ်ကူး အတာရေသဘင် ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူတိုင်းအပေါ် လူမှုကွန်ရက် စာမျက်နှာထက်မှသော်လည်းကောင်း၊ မြေပြင်တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်၍ သော်လည်းကောင်း နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူတိုင်း၊ ဖောရက်စ်ဂမ့် လောက်ကိုင် နဲ့ မြဝတီ (ဘာသာပြန်ဆောင်းပါး)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ