Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူတိုင်း၊ ဖောရက်စ်ဂမ့် လောက်ကိုင် နဲ့ မြဝတီ (ဘာသာပြန်ဆောင်းပါး)

Htay Oung (NSS) - ဧပြီ ၁၄ 

ဒီရက်ပိုင်း TikTok မှာ လူပေါင်း သောင်းသိန်းချီ စိတ်ဝင်စားနေကြတဲ့ ရုပ်သံအတိုလေးများနဲ့ပတ်သက်ပြီး တွေးမိ တဲ့အကြောင်းကို ပထမဆုံး ပြောပြချင်တယ်။

ကျွန်တော့်နားထဲတော့ “ယူတိုင်း” လို့ ကြားတာပဲ၊ သူ့နာမည် အော်ခေါ်လိုက်ရင် ပြေးလာတတ်တဲ့ ကျွဲပေါက်လေးနဲ့ တရုတ်လူမျိုးလို့ထင်ရတဲ့ အမျိုးသမီးငယ်လေးတစ်ယောက်အကြောင်းက စလိုက်ရအောင်


အဲဒီအကြောင်းကိုပဲ Reel နဲ့ TikTok မှာ လွင့်တင်နေသူ ၅ ယောက်ထက်မနည်း ရှိပါတယ်။ ချစ်စဖွယ် အေးဆေးတဲ့ မျက်နှာလေးပိုင်ရှင်အမျိုးသမီးငယ်ဟာ မိတ်ကပ်မလိမ်း၊ နှုတ်ခမ်းနီမဆိုး၊ အဝတ်အစား ကောင်းကောင်းပင် ဝတ်ဆင်ထားခြင်း မရှိပါ။ များသောအားဖြင့် အလုပ်လုပ်နေရင်း ရိုက်ကူးထားပုံရပြီး တစ်ခါတစ်လေ အဝတ်အစား ‌ဟောင်းများနဲ့ သူ့တစ်ကိုယ်လုံး ပေကျံနေပါတယ်။ မိသားစု ၃ ယောက်သာရှိပြီး စိုက်ပျိုးရေးနဲ့ ခက်ခဲကြမ်းတမ်းစွာ အသက်မွေးရတဲ့ တောင်ပေါ်နေ တောသူမလေးဖြစ်ပုံရပါတယ်။

ဒါပေမယ့် အဲဒီလို ဟောင်းနွမ်းပေကျံနေတဲ့တောသူမလေးဟာ ဖျင်လှုပ် ရင်လှုပ် အတိုအပြတ်တွေ အမျိုးသမီးငယ် တွေကို ကျော်လွန်ပြီး လူအများရဲ့စိတ်ကို ဘာ့ကြောင့် ဖမ်းစားနိုင်ပါသလဲ၊ ဘာ့ကြောင့် လူသိများအောင်မြင်တာလဲ။

တစ်ဆက်တည်း ဖောရက်စ်_ဂမ့် ဟောလိဝုဒ်ရုပ်ရှင်ကိုလည်း သတိရမိတယ်။ အဲဒီဇာတ်ကားပါအကြောင်းအရာ ဟာ အမေရိကန်နိုင်ငံရဲ့သမိုင်းတစ်စိတ်တစ်ပိုင်းဖြစ်နေလို့ ကျွန်တော့အတွက်တော့ အလွန်နှစ်ခြိုက် မှတ်သားစရာ ဖြစ်နေပါတယ်။

သူ့နာမည်အပြည့်အစုံဟာ “ဖောရက်စ်_ဖောရက်စ်_ဂမ့်” ဖြစ်ပြီး ပထမ ဖောရက်စ်ဆိုတာ သူအမေဘက်က အဖိုး နာမည်ကို ယူထားတာလို့ ပြောပါတယ်။ အမေရိကန်လူမည်းတွေနဲ့ ကက်သလစ်ဘာသာဝင်တွေအပေါ် အကြမ်းဖက်လေ့ရှိတဲ့ ကေ-သုံးလုံး “ကူ-ကလက်ခ်_ကလန်” လူဖြူကြီးစိုးရေး၊ အစွန်းရောက် အမျိုးသားရေးဝါဒီ ဂိုဏ်းခေါင်းဆောင်ဖြစ်သူရဲ့ မြေးဟာ အယ်လ်ဘားမားအိမ်ကြီးမှာ လူမည်းတွေနဲ့ ရောနှောနေထိုင်ပြီး မိခင်နဲ့ အတူ ဘုရား ကျောင်းမှန်မှန်တက်ပါတယ်။ 


သမားရိုးကျ ကျောင်းအိပ်ကျောင်းစား ဘော်ဒါက လက်မခံနိုင်လောက်အောင် အိုင်ကျူ ၇၅ သာရှိ၊ ခပ်ရိုင်းရိုင်း ပြောရရင် ကျပ်မပြည့်တဲ့ ဖောရက်စ်ဂမ့်ဟာ မွေးရာပါ မသန်စွမ်းသူတစ်ယောက်လည်းဖြစ်နေပါသေးတယ်။

ဒါပေမယ့် အယ်လ်ဘားမား တက္ကသိုလ်ရဲ့ အထင်ရှားဆုံး ထိပ်တန်းအားက စားသမားကျောင်းသား၊ ဗီယက်နမ် စစ်ပွဲမှာ သူရသတ္တိဆိုင်ရာ “မက်ဒဲလ်_အော့ဖ်_ဟောနာ” ဆုတံဆိပ်ရရှိပြီး အမေရိကန်သမ္မတ ဂျွန်အက်ဖ် ကနေဒီ ကိုယ်တိုင် လက်ဆွဲနှုတ်ဆက် ဂုဏ်ပြုခံရသူဖြစ်လာပါတယ်။ အမေရိကန်နိုင်ငံကို ကိုယ်စားပြုပြီး တရုတ် နိုင်ငံကို သွားရောက် ပင်ပေါင်ကစားပေးရသူ အားကစား သံတမန်တစ်ဦးဖြစ်လာပါသေးတယ်။

ဒီလောက်အထိ အောင်မြင်ရလောက်အောင် ဖောရက်စ်ရဲ့ ဉာဏ်ရည်က တိုးမြင့်လာလို့တော့ မဟုတ်ပါဘူး၊ သူ့အချစ်ဆုံး သူငယ်ချင်းမ ဂျင်းနီ ပြောတဲ့အတိုင်း “ပြေး ဖောရက်စ် ပြေး” ဆိုတဲ့အတိုင်း လိုက်လုပ်နေခြင်းသာ ဖြစ်ပါတယ်။ သူဟာ ထူးထူးခြားခြား များများစားစား မှတ်သားနိုင်လောက်အောင် ဉာဏ်ရှိသူမဟုတ်ပဲ “ ဒီကလေး က ဖောရက်စ်ဂမ့် ဂျူနီယာတဲ့ သူ့အဖေနာမည်အတိုင်းလေ” လို့ တည့်တည့်ကြီးပြောမှ သူ့ဟာသူ ကလေးအဖေ ဖြစ်မှန်း ရိပ်မိတတ်သူပါ။

စစ်ထဲ ဝင်စဉ် အခင်မင်ရဆုံး လူမည်း “ဘူးဘာ“ ပြောတဲ့ ပုဇွန်တွေနာမည်လောက်တော့ သူ မှတ်မိပါတယ်။ အမေပြီးရင် သူ့အတွက် အလေးစားရဆုံး “လက်ဖ်တင်နင်_ဒန်” လောက်သာ တွေးပူတတ်ရာက ပုဇွန်ကုမ္ပဏီ ပိုင်ရှင်သူဋ္ဌးဖြစ်သွားပါတယ်။

#ယူတိုင်းကျွဲပေါက်ပိုင်ရှင်_အမျိုးသမီးငယ်နဲ့ #ဖောရက်စ်ဂမ့်ရဲ့ #ဘဝအောင်မြင်ရေးသော့ချက်ဟာ #ရိုးရှင်းစွာ _ပြုမူနေထိုင်ခြင်းပဲဖြစ်တယ်လို့ ကျွန်တော်မြင်ရပါတယ်။ 

#ဘဝရည်မှန်းချက်_ပန်းတိုင်ဟာ #အခြေအနေ_အချိန်အခါအလိုက် #ပြောင်းလဲတတ်ကြောင်း၊ #အရိုးရှင်းဆုံး နည်းလမ်းဟာ အခိုင်မာဆုံးသော အောင်မြင်မှုကို အချိန်တိုအတွင်း ရရှိနိုင်ကြောင်း သက်သေပြသလို ရှိနေပါတယ်။

လွန်ခဲ့တဲ့ရက် မြဝတီမြို့လေးရဲ့လုံခြုံရေးအခြေအနေဟာ “ဒုတိယ လောက်ကိုင်” ဖြစ်တော့မယ်လို့ ကျွန်တော်နဲ့ အတူ မိတ်ဆွေတစ်စုတို့အတွက် စိုးရိမ်ပူပန်စရာဖြစ်ခဲ့ပါတယ်။ မြို့တစ်မြို့ မပျက်မစီးရှိနေခဲ့ခြင်းဟာ အသက် အိုးအိမ်များစွာတို့အတွက် ဝမ်းသာစရာဖြစ်ရပေမယ့် နယ်စပ်ကုန်သွယ်ရာမှာ နိုင်ငံ့အသက်သွေးကြော ကြီးတစ်ခု ပမာဖြစ်တဲ့မြို့ကလေးဟာ မလိမ့်တစ်ပတ်နည်းလမ်းနဲ့ အကောင်းပကတိ အခြေအနေအတိုင်း လူတစ်ဦး တစ်ယောက်လက်တွင်း ထိုးအပ်ပေးသလို ဖြစ်ဖို့မြင်တွေ့ခဲ့ရပါတယ်။ 

အဲဒီနောက်မှာ အသက်တွေ၊ သွေးတွေ၊ မျက်ရည်များ လောဘနဲ့ အမုန်းတရား အာဃာတများကို ထပ်ချပ်မကွာ အရင်းအနှီးဖြစ်လာပြီး နိုင်ငံတစ်နိူင်ငံရဲ့ အချုပ်အခြာနယ်မြေပိုင်ဆိုင်မှုနဲ့ အမျိုးသားရေးဂုဏ်သိက္ခာလည်း ဆုံးရှုံးရ ပါလိမ့်မယ်။


ကျွန်တော်တို့နိုင်ငံရဲ့နှစ်ပေါင်း ၇၀ ကျော် ပြည်တွင်းစစ်ဟာ ဂိုဏ်းဂဏစွဲ၊ လူမျိုးစွဲက အရင်းခံခဲ့ပါတယ်။ အဲဒီနေရာ မှာ နိုင်ငံရေး အုပ်ချုပ်ရေးခေတ်မမီခြင်း၊ အသိအမြင် အရည်အသွေး မပြည့်ဝခြင်းနဲ့ အကျင့်ပျက်ခြစားမှုများ ရောမွှေလိုက်တဲ့အခါ နိုင်ငံအနှံ့ စစ်မီးတောက်များ ကူးစက်ကျယ်ပြန့်သွားတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

တက္ကဆက်ပြည်နယ်ဟာ အမေရိကန်နိုင်ငံတောင်ပိုင်း နယ်စပ်ပြည်နယ် ၄ ခုမှာ ပါဝင်ပါတယ်။ စပိန်နဲ့ ပြင်သစ် ကိုလိုနီဖြစ်ခဲ့ဖူးပြီး ၁၈၃၆ ခုနှစ် မတိုင်မီအထိ မက္ကဆီကိုနိုင်ငံရဲ့အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။ တက္ကဆက်မှ နယူး မက္ကဆီကို၊ လူစီယာနား၊ ကယ်လီဖိုးနီးယားအထိ၊ တောင်ပိုင်းနယ်စပ်ပြည်နယ်များဟာ ဥရောပနဲ့ မက္ကဆီကို တို့အကြား ရောနှောပေါင်းစပ်နေတဲ့ လူမျိုး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ထွန်းကားရာဖြစ်ပါတယ်။ လူတိုင်း လွတ်လပ်စွာ သေနတ်လက်နက်ကိုင်ဆောင်ခွင့်ရှိကြပြီး အရှေ့ အနောက်ဖြတ်သန်းထားတဲ့ မီးရထားလမ်းများ ကို ဖောက်လုပ်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံရဲ့အမဲသားဝယ်လိုအား မြင့်တက်လာခြင်းနဲ့အတူ “ကောင်းဘွိုင် နွားကျောင်းသား” တို့ရဲ့ ဘူမိနက်သံဖြစ်လာခဲ့ပါတယ်။ 

ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် သေနတ်ချင်း ယှဉ် ပြိုင်ပစ်ခတ်ပြီး အဆုံးအဖြတ်ရယူခြင်းဟာ တရားဝင်ပါ တယ်။ ရွှေရှာဖွေသူများ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအကြား လုယက်မှု ဓါးပြမှုများ ဖြစ်ပွား လေ့ရှိခဲ့ပါတယ်။ ရာဇဝတ်မှုကျူးလွန်သူကို လူအပုံအ လယ် ကြိုးပေး ကွပ်မျက်ရာမှာ သာမန် ထမင်းစား ရေသောက်ကိစ္စတစ်ခုလို မိန်းမနဲ့ ကလေးငယ်များပါ ဝိုင်းဝန်း ကြည့်ရှု့နိုင်ကြပါတယ်။

လက်နက်တွေ ဖောချင်းသောချင်းနဲ့ သူတလူ ငါတမင်းဖြစ်နေခဲ့တဲ့ ဒေသကြီးတလျောက် ယနေ့ထိတိုင်အောင် ဆေးလိပ်၊ အရက်နဲ့ မူးယစ်ဆေး မှောင်ခိုခြင်းသာမက လူကုန်ကူးတဲ့ ရာဇဝတ်မှုများ ဖြစ်ပွားနေပါတယ်။ အဲ့ဒီလို မက္ခရာနယ်မြေကြီးဟာ နိုင်ငံ့အရှေ့မြောက်ပိုင်း ဝါရှင်တန်ဒီစီ ခရိုင်အတွင်းမှာ ရုံးစိုက်ထားတဲ့ အမေရိကန်နိုင်ငံ ရဲ့ ဖက်ဒရယ်အစိုးရရဲ့ အုပ်ချုပ်မှုနဲ့ ယနေ့ခေတ်ဆိုရင်တောင် အတော်အလှမ်းဝေးပါတယ်။

အဲဒီနယ်မြေကြီးမှာ ငြိမ်ဝပ်ပိပြားပြီး ကောင်းရောင်း ကောင်းဝယ် အသက်မွေးလုပ်ငန်းများ ထွန်းကားလာအောင် အမေရိကန်အစိုးရအဆက်ဆက်ရဲ့အားထုတ်မှုဟာ တစ်ခုတည်းသာ ရှိတယ်လို့ ကျွန်တော် မြင်ပါတယ်။ 

တရားစီရင်ရေးစနစ် ခိုင်မာအားကောင်းလာအောင်တည်ဆောက်ခြင်း၊ အဂတိလိုက်စားမှု အကျင့်ပျက်ခြားမှုကို ချေမှုန်းသုတ်သင်ပြီး တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိအောင် ပါးစပ်ပြောမဟုတ်ပဲ အမှန်တကယ်လက်တွေ့ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ 

အမေရိကန် တောင်ပိုင်းနယ်စပ်ပြည်နယ်များရဲ့ အကျိုးစီးပွားကို ရိုးရိုးရှင်းရှင်း ပွင့်လင်းမြင်သာစေပြီး လူတစ်စု တစ်ဖွဲ့က လက်သိပ်ထိုး ထိန်းချုပ်ခြင်းအစား အမေရိကန် တစ်နိုင်ငံလုံး၊ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားနဲ့ ချိတ်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ဒီနည်းအားဖြင့် အစိုးရက စောင့်ကြည့် ကြပ်မတ်ခြင်းထက် ဥပဒေနဲ့အညီ ပြည်သူအချင်းချင်း အကဲဖြတ်ထိန်းချုပ်ခြင်းစနစ်ကို ထည့်သွင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။

အစဉ်လေးစားစွာဖြင့်

#HtayOung, #OungMarine

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

TNLA/PDF ပူးပေါင်းအဖွဲ့၏ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုကြောင့် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာ ၁၁ ဦးခန့်နှင့် သံဃာတော်နှစ်ပါး ပျံလွန်တော်မူ

RELATED POSTS
RECENT POSTS
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved