Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပါရီအိုလံပစ် အမျိုးသမီး ဘောလုံးခြေစစ်ပွဲ ပထမအဆင့်ကို မြန်မာနှင့် အီရန်(၂)သင်းသာ ယှဉ်ပြိုင်ကစားရမည်

ရဲပြည့် (NP News) - ဧပြီ ၁ 


မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂ဝ၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ခ)တွင် မြန်မာနှင့်အီရန် (၂)သင်းသာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)၏ ထုတ်ပြန်ချက်အရ သိရသည်။ 


အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ခ)တွင် အိမ်ရှင် မြန်မာ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့ကျရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်အသင်းတို့ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့်အတွက် အိမ်ရှင်မြန်မာအသင်းနှင့် အီရန်အသင်း (၂)သင်းသာ ဆက်လက်ယှဉ်ပြိုင်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။ 


အာရှဘောလုံးအဖွဲ့ချုပ်မှ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ် အသင်းတို့၏ နုတ်ထွက်မှုကို လက်ခံခဲ့ပြီးနောက် ပွဲစဉ်ဇယား ပြန်လည်ပြုပြင်ခဲ့ပြီး အဆိုပါ ပွဲစဉ်ဇယား ပြန်လည်ရေးဆွဲမှုအရ မြန်မာအသင်းနှင့် အီရန်အသင်းတို့ အိမ်ကွင်း၊ အဝေးကွင်း စနစ်ဖြင့် (၂)ပွဲယှဉ်ပြိုင်ရမည်ဖြစ်ကာ အဆိုပါ ပွဲစဉ်(၂)ပွဲလုံးကို မြန်မာနိုင်ငံတွင်သာ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 


မြန်မာအသင်းနှင့် အီရန်အသင်းတို့သည် ဧပြီလ (၅)ရက်နှင့် (၈)ရက်၊ မြန်မာစံတော်ချိန် ညနေ(၄)နာရီအချိန် သုဝဏ္ဏ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နှစ်ပွဲပေါင်း ရမှတ် အများဆုံးရရှိသည့်အသင်းသည် ၂ဝ၂၄ ပါရီ အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ 


အကယ်၍ (၂)ပွဲကစားပြီး ရမှတ်တူခဲ့လျှင် ဧပြီလ (၈)ရက်တွင် ယှဉ်ပြိုင်မည့်ပွဲစဉ် အပြီး၌ အချိန်ပို ၃ဝ မိနစ် ဆက်လက်ကစားမည်ဖြစ်ပြီး ပွဲကစားချိန်အတွင်း အနိုင်အရှုံးရလဒ် မပေါ်ခဲ့လျှင် ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ခံယူရမည်ဖြစ်သည်။ 


အီရန်အမျိုးသမီးအသင်းသည် ကမ္ဘာ့အဆင့်ရပ်တည်ချက်တွင် မြန်မာအသင်းအောက် အဆင့်(၂ဝ)တွင်ရပ်တည်နေသည့် အသင်းတစ်သင်းဖြစ်ပြီး ကမ္ဘာ့အဆင့်(၆၇)ဖြစ်ပြီး မြန်မာအသင်းနှင့် အာရှအဆင့်တွင်(၃)ကြိမ်တွေ့ဆုံထားဖူးကာ မြန်မာအသင်းက (၃)ကြိမ်စလုံးအနိုင်ရရှိထားသည်။


ထို့အတွက်ကြောင့် မြန်အသင်းအနေဖြင့် အိမ်ကွင်း အားသာချက်ရှိသည့်အပြင် အသင်းလိုက်အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်သည့် အခြေအနေများရှိနေသည့်အတွက် ပါရီအိုလံပစ် ဒုတိယခြေစစ်ပွဲကို တက်လှမ်းသွားနိုင်ရန် အလားအလာကောင်းများရှိနေသည်။

zawgyi version

ပါရီအိုလံပစ္ အမ်ိဳးသမီး ေဘာလုံးေျခစစ္ပြဲ ပထမအဆင့္ကို  ျမန္မာႏွင့္ အီရန္(၂)သင္းသာ ယွဥ္ၿပိဳင္ကစားရမည္ 

ရဲျပည့္ (NP News) - ဧၿပီ ၁ 


ျမန္မာႏိုင္ငံတြင္ အိမ္ရွင္အျဖစ္လက္ခံက်င္းပမည့္ ၂ဝ၂၄ ပါရီ အိုလံပစ္ အမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲ အာရွဇုန္ေျခစစ္ပြဲ ပထမအဆင့္ အုပ္စု(ခ)တြင္ ျမန္မာႏွင့္အီရန္ (၂)သင္းသာ ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ (MFF)၏ ထုတ္ျပန္ခ်က္အရ သိရသည္။ 


အာရွဇုန္ ေျခစစ္ပြဲ ပထမအဆင့္ အုပ္စု(ခ)တြင္ အိမ္ရွင္ ျမန္မာ၊ အီရန္၊ ဘဂၤလားေဒ့ရွ္၊ ေမာ္လ္ဒိုက္စ္တို႔က်ေရာက္ခဲ့ၿပီး ဘဂၤလားေဒ့ရွ္၊ ေမာ္လ္ဒိုက္စ္အသင္းတို႔ ၿပိဳင္ပြဲမွ ႏုတ္ထြက္ခဲ့သည့္အတြက္ အိမ္ရွင္ျမန္မာအသင္းႏွင့္ အီရန္အသင္း (၂)သင္းသာ ဆက္လက္ယွဥ္ၿပိဳင္ရျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ 


အာရွေဘာလုံးအဖြဲ႕ခ်ဳပ္မွ ဘဂၤလားေဒ့ရွ္၊ ေမာ္လ္ဒိုက္စ္ အသင္းတို႔၏ ႏုတ္ထြက္မႈကို လက္ခံခဲ့ၿပီးေနာက္ ပြဲစဥ္ဇယား ျပန္လည္ျပဳျပင္ခဲ့ၿပီး အဆိုပါ ပြဲစဥ္ဇယား ျပန္လည္ေရးဆြဲမႈအရ ျမန္မာအသင္းႏွင့္ အီရန္အသင္းတို႔ အိမ္ကြင္း၊ အေဝးကြင္း စနစ္ျဖင့္ (၂)ပြဲယွဥ္ၿပိဳင္ရမည္ျဖစ္ကာ အဆိုပါ ပြဲစဥ္(၂)ပြဲလုံးကို ျမန္မာႏိုင္ငံတြင္သာ ယွဥ္ၿပိဳင္ကစားမည္ျဖစ္သည္။ 


ျမန္မာအသင္းႏွင့္ အီရန္အသင္းတို႔သည္ ဧၿပီလ (၅)ရက္ႏွင့္ (၈)ရက္၊ ျမန္မာစံေတာ္ခ်ိန္ ညေန(၄)နာရီအခ်ိန္ သုဝဏၰ ေဘာလုံးကြင္းတြင္ ယွဥ္ၿပိဳင္ကစားမည္ျဖစ္ၿပီး ႏွစ္ပြဲေပါင္း ရမွတ္ အမ်ားဆုံးရရွိသည့္အသင္းသည္ ၂ဝ၂၄ ပါရီ အိုလံပစ္ အမ်ိဳးသမီး ေဘာလုံးၿပိဳင္ပြဲ အာရွဇုန္ ေျခစစ္ပြဲ ဒုတိယအဆင့္သို႔ တက္ေရာက္ခြင့္ရရွိမည္ျဖစ္သည္။ 


အကယ္၍ (၂)ပြဲကစားၿပီး ရမွတ္တူခဲ့လွ်င္ ဧၿပီလ (၈)ရက္တြင္ ယွဥ္ၿပိဳင္မည့္ပြဲစဥ္ အၿပီး၌ အခ်ိန္ပို ၃ဝ မိနစ္ ဆက္လက္ကစားမည္ျဖစ္ၿပီး ပြဲကစားခ်ိန္အတြင္း အႏိုင္အရႈံးရလဒ္ မေပၚခဲ့လွ်င္ ပင္နယ္တီ အဆုံးအျဖတ္ ဆက္လက္ခံယူရမည္ျဖစ္သည္။ 


အီရန္အမ်ိဳးသမီးအသင္းသည္ ကမာၻ႔အဆင့္ရပ္တည္ခ်က္တြင္ ျမန္မာအသင္းေအာက္ အဆင့္(၂ဝ)တြင္ရပ္တည္ေနသည့္ အသင္းတစ္သင္းျဖစ္ၿပီး ကမာၻ႔အဆင့္(၆၇)ျဖစ္ၿပီး ျမန္မာအသင္းႏွင့္ အာရွအဆင့္တြင္(၃)ႀကိမ္ေတြ႕ဆုံထားဖူးကာ ျမန္မာအသင္းက (၃)ႀကိမ္စလုံးအႏိုင္ရရွိထားသည္။


ထို႔အတြက္ေၾကာင့္ ျမန္အသင္းအေနျဖင့္ အိမ္ကြင္း အားသာခ်က္ရွိသည့္အျပင္ အသင္းလိုက္အေကာင္းဆုံးယွဥ္ၿပိဳင္ကစားႏိုင္သည့္ အေျခအေနမ်ားရွိေနသည့္အတြက္ ပါရီအိုလံပစ္ ဒုတိယေျခစစ္ပြဲကို တက္လွမ္းသြားႏိုင္ရန္ အလားအလာေကာင္းမ်ားရွိေနသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပါကစ္စတန်မှာ ရာမာဒန် အစားအသောက် ဖြန့်ဖြူးရေးစင်တာ ပြိုကျခြင်းကြောင့် လူ (၁၁)ဦး သေဆုံး

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved