Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းအနေနဲ့ ယခုနှစ်အတွင်း ရုရှားတပ်ဖွဲ့ဝင်များကို တိုက်ထုတ်နိုင်မှာမဟုတ်ကြောင်း အမေရိကန် ဗိုလ်ချုပ်ကြီး သုံးသပ်ပြောဆို

ဂျန်ဇက် (NP News) - ဧပြီ ၁


ရုရှားတပ်ဖွဲ့ဝင်များကို ပြန်တိုက်ထုတ်ဖို့ ယူကရိန်းနိုင်ငံရဲ့စစ်ရေးရည်မှန်းချက်တွေဟာ ဒီနှစ်အတွင်းအောင်မြင်မှုရရှိဖို့ အလားအလာနည်းနေကြောင်း အမေရိကန် စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမက်မီလေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 


ယူကရိန်းအစိုးရက ရုရှားတပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ထုတ်ဖို့ နွေဦးမှာ ထိုးစစ်ဆင်မှာဖြစ်ပေမယ့် လိုအပ်တဲ့ လက်နက်အားလုံးမရဘဲဖြစ်နေကြောင်း ပြောဆိုခဲ့ပြီးနောက် အမေရိကန်ဗိုလ်ချုပ်ကြီးက အခုလိုမှတ်ချက်ပြုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။  


ဗိုလ်ချုပ်ကြီးမက်မီလေးက "ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ယူကရိန်းပိုင်နက်တွေကနေရုရှားတပ်ဖွဲ့တွေကို ပြန်တိုက်ထုတ်ဖို့ ရည်ရွယ်ထားတယ်။ ဒါဟာ ကြီးမားလွန်းတဲ့စစ်ရေးတာဝန်ဖြစ်သလို အလွန်ခက်ခဲလွန်းတဲ့ စစ်ရေးတာဝန်အလုပ်တွေဖြစ်စေတယ်။ ယူကရိန်းတပ်ဖွဲ့တွေ မလုပ်နိုင်ဘူးလို့ ပြောတာမျိုးမဟုတ်ပါဘူး၊ ဒါပေမယ့်လည်း ကျွန်တော့်အထင်တော့ ဒီနှစ်အတွင်းမှာ ရုရှားတပ်ဖွဲ့တွေဟာ တိုက်ထုတ်နိုင်ဖို့မဖြစ်နိုင်ဘူး" လို့ပြောပါတယ်။ 


အမေရိကန်ဗိုလ်ချုပ်ကြီးဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ၎င်းရဲ့ထင်မြင်ချက်များကိုမကြာခဏထုတ်ဖော်ပြောဆိုလျက်ရှိနေရာ ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားဒေသကိုယူကရိန်းတို့ ပြန်သိမ်းပိုက်နိုင်ဖို့ဆိုတာ မကြာမီကာလအတွင်းမှာမဖြစ်နိုင်ကြောင်း ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကပြောခဲ့ဖူးပါတယ်။ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ၎င်းတို့ဟာ လာမယ့် ဧပြီလ ဒါမှမဟုတ် မေလမှာ  ရုရှားကို စစ်မျက်နှာအစုံမှာ တိုက်ခိုက်သွားမှာဖြစ်ပြီး ဂျာမနီနိုင်ငံထုတ် Leopard တင့်ကားများအသုံးပြုတိုက်ခိုက်မှုများ လုပ်ဆောင်မယ်လို့ ပြောပါတယ်။ 


ယူကရိန်းသမ္မတက ၎င်းတို့ဟာ ရုရှားကို တိုက်ခိုက်နိုင်ဖို့ အနောက်အုပ်စုနိုင်ငံများက ပေးမယ့်ကျည်ဆံများကိုစောင့်ဆိုင်းနေပေမယ့်လည်း လက်ရှိအချိန်အထိ အပြည့်အဝမရသေးကြောင်း ပြောပါတယ်။ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကလည်း ယူကရိန်းပိုင်နက်အတွင်း ရောက်ရှိနေတဲ့ ရုရှားတပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ရည်ရွယ်ချက်က ရာနှုန်းပြည့် မအောင်ခဲ့ရင်လည်း အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံတွေဟာ စစ်လက်နက်ပစ္စည်းများနဲ့ ငွေကြေးများထပ်မံ ပံ့ပိုးပေးစေလိုကြောင်းပြောပါတယ်။

zawgyi version


ဂျန်ဇက် (NP News) - ဧပြီ ၁











Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပါရီအိုလံပစ် အမျိုးသမီး ဘောလုံးခြေစစ်ပွဲ ပထမအဆင့်ကို မြန်မာနှင့် အီရန်(၂)သင်းသာ ယှဉ်ပြိုင်ကစားရမည်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved