Joker ကို တွဲဖက် လေဒီဂါဂါနဲ့ မြင်တွေ့ရမယ့် Folie à Deux' ဇာတ်ကား နမူနာ ထွက်ရှိလာ
ရောင်နီ (NSS) - ဧပြီ ၁၁
ကမ္ဘာကျော်ပေါ့စ်အဆိုတော် လေဒီဂါဂါက တွဲဖက်အနေနဲ့ ပါဝင်ထားတဲ့ Joker 2 လို့ ဆိုရမယ့် Folie à Deux' ဇာတ်ကားနမူနာ အင်္ဂါနေ့(ဧပြီ ၉ ရက်)က ထွက်ရှိလာခဲ့ပါတယ်။ ဒီဇာတ်ကားဟာ Joker နဲ့ Harley Quinn ဇာတ်လမ်းကိုပုံဖော်မှာဖြစ်ပြီး Bad romance ဘက်ကိုသွားမယ်လို့ သိရပါတယ်။
ဇာတ်လမ်းထဲမှာ လေဒီဂါဂါက လူဆိုးတွေကို ဆေးကုတဲ့ ကုထုံးဆရာဝန် Harley Quinn အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ DC ရုပ်ပြစာအုပ် ဇာတ်လမ်းမှာ Joker နဲ့ Harley Quinn တို့ဟာ တစ်ဦးကိုတစ်ဦး မခွဲနိုင် မခွာရက် အရမ်းချစ်ပြီး အတူတူဆိုးသွမ်းကြတဲ့ စုံတွဲအဖြစ် ဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ ဒါရိုက်တာတော့ဖီလစ်က ဇာတ်ကောင်တွေကို ဘယ်လိုတင်ဆက်ပြသမယ်ဆိုတာ မသိရသေးပါဘူး။
၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Joker ရုပ်ရှင်ဟာ ဒေါ်လာဘီလျံနဲ့ချီပြီး ဝင်ငွေကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပြီး ၂၀၂၀ ခုနှစ်အတွက် အော်စကာဆု နှစ်ခုရရှိခဲ့သလို အကောင်းဆုံးမင်းသားဆုပါ ရရှိခဲ့ပါတယ်။ အခုဆက်လက်ထွက်ရှိမယ့် "Joker: Folie à Deux” ကိုတော့ အောက်တိုဘာ ၄ ရက်မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BLACKPINK ရဲ့ အဖွဲ့ဝင် Jennie၊ Billboard Hot 100 မှာ ၁၅ ပတ်ကြာထိ ရပ်တည်နိုင်ခဲ့တဲ့ ပထမဆုံး ကိုရီးယားအမျိုးသမီးဖြစ်လာ
RELATED POSTS
17 Sep 2024 | အနုပညာ,နိုင်ငံတကာ
13 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ