Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကယ်လီဖိုးနီးယားပြည်နယ်မှာ လေထုသန့်စင်စေရေးအတွက် ဒီဇယ်ထရပ်ကားအသုံးပြုမှုကို ဖယ်ရှားဖို့ အတည်ပြု

ရောင်နီ (NP News) - ဧပြီ ၁

        

လေထုအရည်အသွေးကို မြှင့်တင်ဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့က ကာဗွန်ထုတ်လွှတ်တဲ့ ထရပ်ကားများကို ဖြည်းဖြည်းချင်း ရပ်ဆိုင်းဖို့ အစီအစဉ်ကို အတည်ပြုခဲ့ပါတယ်။ 

        

ကယ်လီဖိုးနီးယားပြည်နယ်မှာ အကြီးစား ထရပ်ကား ရောင်းချမှုအားလုံးရဲ့ ထက်ဝက်နီးပါးဟာ ၂ဝ၃၅ ခုနှစ်မှာ လျှပ်စစ်မီးနဲ့မောင်းနှင်နိုင်ဖို့လိုအပ်ကြောင်း သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီက သောကြာနေ့(မတ်လ ၃၁ ရက်)မှာ ကြေညာခဲ့ပြီး ဒီဇယ်ကို အားကိုးနေရတဲ့ ထရပ်ကားကြီးများကို တဖြည်းဖြည်းချင်း ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 


"ထရပ်ကားတွေနဲ့ ဘတ်စ်ကားတွေက ကျွန်တော်တို့ရဲ့လမ်းတွေပေါ်မှာ အညစ်ညမ်းဆုံးယာဉ်တွေပါပဲ၊ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေအတိုင်း လိုက်လုပ်ဖို့လည်း တခြားပြည်နယ်နဲ့ နိုင်ငံတွေက စောင့်ကြည့်နေပါတယ်" လို့ ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆွန်က ကြေညာချက်မှာဖော်ပြထားပါတယ်။ 


အဆိုပါ ဆုံးဖြတ်ချက်ဟာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းခန့်ရှိတဲ့ ကာဗွန်ထူထပ်သော သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချဖို့အတွက် ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ ရည်မှန်းချက်အရှိဆုံး ကြိုးပမ်းမှုတစ်ခုဖြစ်ပါတယ်။ ဒီအစီအမံဟာ ထိရောက်မှုရှိမယ်လို့ မျှော်လင့်ထားကြောင်း၊ အခြားပြည်နယ်များကိုလည်း အလားတူလုပ်ဆောင်မှုများ တိုက်တွန်းခဲ့ကြောင်း နယူးဆွန်က ပြောကြားခဲ့ပါတယ်။ 


The Associated Press ရဲ့ အဆိုအရ၊ နယူးဆွန်ရဲ့ရုံးက အခြားပြည်နယ်ရှစ်ခုဟာ အလားတူအစီအမံများကို ချမှတ်ဖို့ ရည်ရွယ်ချက်ရှိကြောင်း အချက်ပြခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။  သောကြာနေ့က အတည်ပြုခဲ့တဲ့ စည်းမျဉ်းများဟာ ထရပ်ကား ဆောက်လုပ်တဲ့ ကုမ္ပဏီများနဲ့ လုပ်ငန်းလည်ပတ်ဖို့အတွက် ၎င်းတို့အသုံးပြုတဲ့ ကုမ္ပဏီတွေအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။ 

        

စက်မှုလုပ်ငန်းအဖွဲ့များကတော့ အဆိုပါကြိုးပမ်းအားထုတ်မှုများကို ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး ၎င်းတို့စက်မှုလုပ်ငန်းအတွက် ခက်ခဲသော စည်းမျဉ်းများဖြစ်စေကာ ထရပ်ကားကို အားကိုးနေတဲ့ စီးပွားရေးလုပ်ငန်းများအတွက် နောက်ထပ်ဝန်ထုပ်ဝန်ပိုးများ ဖြစ်စေနိုင်ကြောင်းပြော ကြားခဲ့ပါတယ်။ သို့ပေမယ့်လည်း သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးတရားမျှတမှုအဖွဲ့များက အဆိုပါ ကြေညာချက်ကို ကြိုဆိုကြပါတယ်။

zawgyi version


ရောင်နီ (NP News) - ဧပြီ ၁

        


        








        


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဖောက်ခွဲဖျက်ဆီးခံထားရသည့် တာဝါတိုင်များကို ပြုပြင်မည်ဖြစ်၍ ယာယီဝန်အား လျော့ချခြင်းများ တစ်ပတ်ခန့်ကြာမြင့်နိုင်မည်ဟု YESC အသိပေး

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved