စင်ကာပူနိုင်ငံ၊ တန်ပင်ကွန်ဒိုရှိ အပူပေး spa ရေကူးကန်မှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံး
ရောင်နီ (NSS) - ဧပြီ ၁ဝ
စင်ကာပူနိုင်ငံ၊ တန်ပင် ကွန်ဒိုမီနီယံမှာရှိတဲ့ အပူပေး Onsen spa ရေကူးကန်မှာ ဧပြီလ ၈ ရက်က အသက် ၇၃ နှစ်အရွယ်အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဆီကို 25 Tampines Lane မှ ရေနစ်သူရှိကြောင်း ဧပြီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှာ ဖုန်းလက်ခံရရှိခဲ့တာဖြစ်ပြီး အဆိုပါ အမျိုးသားရဲ့ ခန္ဓာကိုယ်ကို ရေကူးကန်မှ ဆယ်ယူခဲ့ပါတယ်။ စင်ကာပူအရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူက အဆိုပါအမျိုးသားကို ရေထဲက စစဆယ်ယူပြီးချင်း Changi အထွေထွေဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပေမယ့် ဆေးရုံမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။
Onsen ဟာ ဂျပန်စကားလုံးဖြစ်ပြီး Hot Spring လို့ အဓိပ္ပာယ် ရပါတယ်။ အပူချိန် ၃၈.၅ ဒီဂရီစင်တီဂရိတ်အထိ အပူပေးထားတဲ့ ရေကန်မှာ ရေစိမ်၊ ရေချိုးရခြင်းဖြစ်ပြီး ၎င်းဟာ ကိုယ်လက်ညောင်းညာ ကိုက်ခဲမှုတွေကို ပြေလျော့စေပြီး ပေါ့ပါးလန်းဆန်းစေတယ်လို့ ယုံကြည်ထားကြတာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယခုနှစ်အတွက် ဧဝရက်တောင် သန့်ရှင်းရေးကို နီပေါနိုင်ငံက မကြာမီ စတင်ဆောင်ရွက်သွားမည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း