Arche အပါအဝင် အလှကုန်ပစ္စည်း(၃၀)မျိုး၌ တားမြစ်ဓါတုပစ္စည်းများပါဝင်နေခြင်းကြောင့်သုံးစွဲရန် မသင့်ကြောင်း FDA Myanmar အသိပေး
ယွန်း (NSS) - ဧပြီ ၉
Arche Pearl Cream အပါအဝင် အလှကုန်ပစ္စည်း(၃၀)မျိုးတွင် အာဆီယံဒေသတွင်းတွေ့ရသည့် တားမြစ်ဓါတုပစ္စည်းများပါဝင်နေခြင်းကြောင့် သုံးစွဲရန်မသင့်ကြောင်း FDA Myanmar က အသိပေး ထုတ်ပြန်ထားသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar) က ယနေ့(ဧပြီ ၉ ရက်) တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အာဆီယံဒေသတွင်းနိုင်ငံများ၏ Post- Marketing Alert System(PMAS) Report အစီအစဥ်အရ အာဆီယံဒေသတွင်း တွေ့ရှိရသော တားမြစ်ဓါတုပစ္စည်း ပါဝင်သည့် အလှကုန်ပစ္စည်း (၃၀)မျိုးသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေခြင်းကြောင့် ပြည်သူများသုံးစွဲရန် မသင့်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။အဆိုပါ အလှကုန်ပစ္စည်းများကို မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း အပါအဝင် ရောင်ရမ်းခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များ သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန် FDA Myanmar ကထုတ်ပြန်ထားသည်။
လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီမြို့ရှိ တပ်မတော်၏ ခလရ ၂၇၅ ကို KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲဖြစ်ပွားနေပြီး မြို့ခံများ တိုက်ပွဲသံကို ကြားနေရ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ