Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဗဟိုဘဏ်၌ အပ်နှံငွေ ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်း တိုးတက်လာဟုဆို

မျိုးကြီး (NP News) - ဧပြီ ၁


နိုင်ငံတော်ဗဟိုဘဏ်၌ အပ်နှံငွေသည် ၃၅ ရာခိုင်နှုန်းနှင့် ဘဏ်များ၏လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာ ခိုင်နှုန်းတိုးတက်လာကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။


၎င်းက ယမန်နေ့(မတ်လ ၃ဝ ရက်)တွင် နေပြည်တော်ရှိ ဗဟိုဘဏ်၌ ကျင်းပသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များအကြား သုံးသပ်ဆွေးနွေးသည့်အစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။


အဆိုပါအစည်းအဝေးအတွင်း မြန်မာနိုင်ငံဘဏ်လုပ်ငန်းကဏ္ဍ၏ ၂ဝ၂၁ ခုနှစ်မှ ၂ဝ၂၃ ခုနှစ် သုံးနှစ်တာကာလအတွင်း တိုးတက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


လက်ရှိပုဂ္ဂလိကဘဏ်များ၏ အပ်ငွေသည် ယခင်ဘဏ္ဍာနှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၄၂ ရာခိုင်နှုန်း၊ ချေးငွေသည် ၇ ဒသမ ၈၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး Credit to GDP Ratio သည် ၂၈ ရာခိုင်နှုန်းရှိကြောင်း  ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဆိုသည်။


ထို့ကြောင့် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဘဏ်များ၏ ဗဟိုဘဏ်ရှိ အပ်နှံငွေသည် ၃၅ ရာခိုင် နှုန်းတိုးတက်လာခဲ့ပြီး ဘဏ်များ၏ လက်ဝယ်ရှိ ငွေသားလက်ကျန်ပမာဏသည် ၃၆ ရာခိုင်နှုန်းတိုးတက်လာကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ဆက်လက်ပြောဆိုထားသည်။


ထို့ပြင် Interbank Market ရှိ ငွေကြေးလွယ်ကူမှု Turnover သည် ငွေကျပ် ၁၁၆၆ ဘီလျံရှိကာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါကလည်း ၉၈ ရာခိုင်နှုန်းခန့် တိုးတက်ခဲ့ကြောင်း သိရသည်။


လက်ရှိတွင် နိုင်ငံခြားဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များအကြားတွင် ကျပ်ငွေလွယ်ကူမှု ပိုမိုမြင့်မားလာပြီး ကုန်သွယ်မှုကဏ္ဍအတွက် လိုအပ်သည့် ကာလတိုငွေကြေးဖြည့်ဆည်းမှုများ အားကောင်းလာသည်ဟုလည်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။


နိုင်ငံအတွင်း၌ စီးပွားရေးဖွံ့ဖြိုးလာမှုနှင့် လုပ်ငန်းများလည်ပတ်မှု အားကောင်းလာသည့် အတွက် ဘဏ်များအနေဖြင့် ချေးငွေများ ပိုမိုကောက်ခံရရှိလာကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

zawgyi version

ဗဟိုဘဏ္၌ အပ္ႏွံေငြ ၃၅ ရာခိုင္ႏႈန္းႏွင့္ ဘဏ္မ်ား၏လက္ဝယ္ရွိ ေငြသားလက္က်န္ပမာဏသည္ ၃၆ ရာခိုင္ႏႈန္း တိုးတက္လာဟုဆို


မ်ိဳးႀကီး (NP News) - ဧၿပီ ၁


ႏိုင္ငံေတာ္ဗဟိုဘဏ္၌ အပ္ႏွံေငြသည္ ၃၅ ရာခိုင္ႏႈန္းႏွင့္ ဘဏ္မ်ား၏လက္ဝယ္ရွိ ေငြသားလက္က်န္ပမာဏသည္ ၃၆ ရာ ခိုင္ႏႈန္းတိုးတက္လာေၾကာင္း ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက ေျပာသည္။


၎က ယမန္ေန႔(မတ္လ ၃ဝ ရက္)တြင္ ေနျပည္ေတာ္ရွိ ဗဟိုဘဏ္၌ က်င္းပသည့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ႏွင့္ ပုဂၢလိကဘဏ္မ်ားအၾကား သုံးသပ္ေဆြးေႏြးသည့္အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။


အဆိုပါအစည္းအေဝးအတြင္း ျမန္မာႏိုင္ငံဘဏ္လုပ္ငန္းက႑၏ ၂ဝ၂၁ ခုႏွစ္မွ ၂ဝ၂၃ ခုႏွစ္ သုံးႏွစ္တာကာလအတြင္း တိုးတက္မႈမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။


လက္ရွိပုဂၢလိကဘဏ္မ်ား၏ အပ္ေငြသည္ ယခင္ဘ႑ာႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ၁၄ ဒသမ ၄၂ ရာခိုင္ႏႈန္း၊ ေခ်းေငြသည္ ၇ ဒသမ ၈၁ ရာခိုင္ႏႈန္းတိုးတက္ခဲ့ၿပီး Credit to GDP Ratio သည္ ၂၈ ရာခိုင္ႏႈန္းရွိေၾကာင္း  ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက ဆိုသည္။


ထို႔ေၾကာင့္ ယခင္ႏွစ္ႏွင့္ႏႈိင္းယွဥ္ပါက ဘဏ္မ်ား၏ ဗဟိုဘဏ္ရွိ အပ္ႏွံေငြသည္ ၃၅ ရာခိုင္ ႏႈန္းတိုးတက္လာခဲ့ၿပီး ဘဏ္မ်ား၏ လက္ဝယ္ရွိ ေငြသားလက္က်န္ပမာဏသည္ ၃၆ ရာခိုင္ႏႈန္းတိုးတက္လာေၾကာင္း ဗဟိုဘဏ္ဥကၠ႒က ဆက္လက္ေျပာဆိုထားသည္။


ထို႔ျပင္ Interbank Market ရွိ ေငြေၾကးလြယ္ကူမႈ Turnover သည္ ေငြက်ပ္ ၁၁၆၆ ဘီလ်ံရွိကာ ယခင္ႏွစ္ႏွင့္ႏႈိင္းယွဥ္ပါကလည္း ၉၈ ရာခိုင္ႏႈန္းခန႔္ တိုးတက္ခဲ့ေၾကာင္း သိရသည္။


လက္ရွိတြင္ ႏိုင္ငံျခားဘဏ္မ်ားႏွင့္ ပုဂၢလိကဘဏ္မ်ားအၾကားတြင္ က်ပ္ေငြလြယ္ကူမႈ ပိုမိုျမင့္မားလာၿပီး ကုန္သြယ္မႈက႑အတြက္ လိုအပ္သည့္ ကာလတိုေငြေၾကးျဖည့္ဆည္းမႈမ်ား အားေကာင္းလာသည္ဟုလည္း ဥကၠ႒ ေဒၚသန္းသန္းေဆြက ေျပာသည္။


ႏိုင္ငံအတြင္း၌ စီးပြားေရးဖြံ႕ၿဖိဳးလာမႈႏွင့္ လုပ္ငန္းမ်ားလည္ပတ္မႈ အားေကာင္းလာသည့္ အတြက္ ဘဏ္မ်ားအေနျဖင့္ ေခ်းေငြမ်ား ပိုမိုေကာက္ခံရရွိလာေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဆိုင်ဘာလုံခြုံရေး အန္တရာယ်စိုးရိမ်မှုမြင့်တက်နေခြင်းကြောင့် အမေရိကန် US chipmaker ကုမ္ပဏီရဲ့ထုတ်ကုန်များကို စစ်ဆေးမယ်လို့ တရုတ်အစိုးရပြော

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved