နိုင်ငံတကာဖိအားတွေကြောင့် အစ္စရေးက ဂါဇာတောင်ပိုင်းမှာဖြန့်ကြတ်ချထားတဲ့ တပ်ဖွဲ့ဝင်အများအပြားကို ပြန်ရုတ်သိမ်း
ဂျန်ဇက် (NSS) - ဧပြီ ၈
အစ္စရေးနိုင်ငံဟာ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့စည်းတွေရဲ့ဖိအားတွေနဲ့ရင်ဆိုင်နေရချိန်မှာပဲ ဂါဇာမြို့ တောင်ပိုင်းမှာဖြန့်ကြတ်ချထားတဲ့တပ်ဖွဲ့ဝင်အများအပြားကို ပြန်လည်ရုတ်သိမ်းသွားမယ်လို့ ဆိုပါတယ်။
ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနဲ့ ၆ လကျော်ကြာဖြစ်ပွားနေတဲ့စစ်ပွဲအဆုံးသတ်နိုင်အောင် စေ့စပ်ဆွေးနွေးမှုတွေ ထပ်မံလုပ်ဆောင်ဖို့ အီဂျစ်နိုင်ငံထံ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ခဲ့ပြီးနောက် အစ္စရေးက တပ်ဖွဲ့ဝင်တွေ လျော့ချဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ အစ္စရေးဟာ ၂ဝ၂၄ ခုနှစ် နှစ်စပိုင်းကတည်းက ဂါဇာဒေသမှာ ဖြန့်ကြတ်ချထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက်ကို လျော့ချလာခဲ့ခြင်းဖြစ်ပြီး အရန်တပ်ဖွဲ့ဝင်တွေကို ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရပါတယ်။
အစ္စရေးဟာ ဂါဇာဒေသမှာ ဖြန့်ကြတ်ချထားတဲ့ တပ်ဖွဲ့ဝင်အရေအတွက် လျော့ချခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပေမယ့် ဘယ်လောက်အထိ လျော့ချခဲ့သလဲဆိုတဲ့အချက်နဲ့ ဂါဇာဒေသမှာ အစ္စရေးတပ်ဖွဲ့ဝင် ဘယ်နှစ်ဦး ရှိနေသလဲဆိုတာကို အတိအကျသတင်းထုတ်ပြန်ခြင်းမရှိပါဘူး။ ဟားမက်စ်အဖွဲ့က ဂါဇာဒေသအတွင်း မှ အစ္စရေးတပ်ဖွဲတွေ ပြန်လည်ရုတ်သိမ်းမယ်ဆိုရင် အပစ်ခတ်ရပ်စဲရေးလုပ်ဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။
အစ္စရေးက ၎င်းတို့ဟာ ဟားမက်စ်အဖွဲ့နဲ့အပစ်ခတ်ရပ်စဲခဲ့မယ်ဆိုရင်လည်း ဟားမက်စ်ခေါင်းဆောင်တွေကို သုတ်သင်ဖို့ ဆက်လက်ကြိုးပမ်းမယ်လို့ ဆိုထားပါတယ်။ ဟားမက်စ်အဖွဲ့ဟာ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ အတွင်း အစ္စရေးနိုင်ငံကို ရုတ်တရက် စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဂါဇာဒေသမှာ စစ်ပွဲစတင်ခဲ့ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး သုံးသောင်းကျော် သေဆုံးထားကြောင်း သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ်ကတော့ ဟားမက်စ်အဖွဲ့က ဖမ်းဆီးထားသူများကို ပြန်မလွှတ်ဘူးဆိုရင် အပစ်ခတ်ရပ်စဲရေး ရယူမှာ မဟုတ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဟားမက်စ်အဖွဲ့က အပစ်ခတ်ရပ်စဲရေးရယူမယ့် သဘောတူညီချက်ထဲမှာ ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုးတွေ လွတ်လပ်စွာ သွားလာခွင့်ပေးရမယ့်အချက် ပါဝင်ရမှာဖြစ်ကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအချင်းချင်းကြား ယုံကြည်မှု ကျဆင်းနေပြီး ရန်ကုန်က အခြားဒေသများထက် ပိုများနေ
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း