Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာအချင်းချင်းကြား ယုံကြည်မှု ကျဆင်းနေပြီး ရန်ကုန်က အခြားဒေသများထက် ပိုများနေ

သုတကျော် (NSS) - ဧပြီ ၈

မြန်မာနိုင်ငံတွင် လူအချင်းချင်းကြား ယုံကြည်မှု ကျဆင်းနေပြီး ရန်ကုန်မြို့တွင် နေထိုင်သူများ၌ အခြားတိုင်း ဒေသကြီးနှင့် ပြည်နယ်များထက် ပိုမိုကျဆင်းနေကြောင်း အဖွဲ့အစည်းတစ်ခုက ပြုလုပ်သည့် စစ်တမ်းတွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။


အဆိုပါ စစ်တမ်းကို ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု Blue Shirt Initiative ကကောက်ယူပြီး ယခုလ (၂၀၂၄ ခုနှစ် မတ်လ)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ မြို့နယ် ပေါင်း ၂၃၃ မြို့မှ လူပေါင်း ၂၈၉၂ ဦးကို မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စစ်တမ်းအတွင်း လူအချင်းချင်းကြား ယုံကြည်မှုဆိုသော ယုံကြည်မှုခေါင်းစဉ်အောက်မှထည့်သွင်း မေးမြန်းခဲ့ရာ စစ်တမ်းဖြေဆိုသူ ၈၄ ရာခိုင်နှုန်းက လူအများစုအပေါ် မယုံကြည်ဟု ဖြေကြားခဲ့ကာ ယခု စစ်တမ်းပါရရှိသော အချက်အလက်အရ ယခုကဲ့သို့ ယုံကြည်မှု ကျဆင်းနေခြင်းမှာ လူ့အဖွဲ့အစည်းအတွင်း လူမှုအရင်းအမြစ် ခိုင်မာအားကောင်းလာရေးအတွက် စိုးရိမ်စရာတစ်ခုအဖြစ် သတိပြုသင့်ကြောင်းလည်း ဖော်ပြထားသည်။  

အဆိုပါ စစ်တမ်းအရ ပထဝီနယ်မြေများကို ခွဲခြားမည်ဆိုပါက တိုင်းဒေသကြီးများတွင် ဖြေဆိုသူ အားလုံး၏ ၈၅ ရာခိုင်နှုန်းက မယုံကြည်ဟုဖော်ပြကာ ပြည်နယ်များတွင် ၈၃ ရာခိုင်နှုန်းက မယုံကြည်ဟု ဖော်ပြကာ ရန်ကုန်မြို့တွင်မူ ၈၆ ရာခိုင်နှုန်းက မယုံ ကြည်ဟု ဖော်ပြခဲ့ပြီး ရန်ကုန်မြို့က အများဆုံးဖြစ်နေသည်ကိုတွေ့ရသည်။ 

ကျား နှင့် မ အချိုးအစားတွင်မူ အမျိုးသမီးများက အများဆုံး မယုံကြည်ကြခြင်းဖြစ်ကြောင်းသိရကာ ကျား၊ မ အသက်အရွယ်အလိုက် မယုံကြည်မှုဆိုပါက အသက်အရွယ်အားလုံးက မယုံကြည်ခြင်းဖြစ်နေကြောင်းလည်း သိရသည်။ 

ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့်  PACE အဖွဲ့က ၂၀၁၅ - ၂၀၂၀ ပြည့်နှစ်အတွင်း ဖော်ပြသော စစ်တမ်းနှင့် နှိုင်းယှဉ်ပါက ယခုရရှိခဲ့သော အခြေအနေသည် ပိုမိုကျဆင်းနေသည်ကို တွေ့ရကြောင်းလည်း ဖော်ပြထားသည်။

ယုံကြည်မှုဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦးက အခြားသူတစ်ဦးဦးကို သတ်မှတ်ဆုံးဖြတ်ပေးသော စံနှုန်းတစ်ခုဖြစ်ပြီး စစ်တမ်းတွင်ပါဝင်သည့် ယုံကြည်မှုတွင် မိမိအနားသို့ဖြစ်စေ၊ မိမိအနီးမှဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ် ယုံကြည်စိတ်ချစွာ စကား လက်ခံပြောဆိုခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်း၊ လုပ်ငန်းတူ လုပ်ကိုင်ခြင်း အစရှိသည့် နှီးနွှယ်ပတ်သက်မှုများကို အဓိကရည်ရွယ်ထား ပုံရသည်။ လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေသည် အရောင်ဝါဒနှင့် လူပုဂ္ဂိုလ်အပေါ် အခြေခံသော နိုင်ငံရေးရပ်တည် ချက်များကြောင့် မိသားစုဝင်အချင်းချင်းဖြစ်စေ၊ သားအမိ သားအဖချင်းပင်ဖြစ်စေ စိတ်ဝမ်းကွဲပြား နေသော အနေအထားမျိုးတွင်ရှိနေသည့်အတွက် မိသားစုမဟုတ်သော အခြားသူတစ်ဦးဦးအပေါ် ယုံကြည်မှုကျဆင်းခြင်းမှာ မတည်မငြိမ်ဖြစ်နေသော တိုင်းပြည်တိုင်းလိုလိုတွင် ဖြစ်ပွားလေ့ရှိသည်။ ပညာရည်နိမ့်ပါးလာခြင်း သို့မဟုတ် ပညာတတ်သော်လည်း စာသာတတ်ပြီး ကိုယ်ချင်းစာတရားနှင့် စာနာ ထောက်ထားမှု ဆင်ခြင်တုံတရားကင်းမဲ့ လာသော ခေတ်အခြေအနေမျိုးတွင် ယင်းကဲ့သို့ နိုင်ငံသားအချင်းချင်း ယုံကြည်မှုများလည်း ကျဆင်းတတ်သည်ဟု စစ်တမ်းအချို့ကဆိုသည်။ 

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မဏ္ဍပ်ပေါင်း (၂၀ဝ)ကျော်၊ လမ်းလျှောက်သင်္ကြန် (၂)ခုရှိထားသည့် ရန်ကုန်သင်္ကြန်အတွက်လုံခြုံရေးပိုင်း အထူးတိုးမြှင့်ထား

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved