Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မဏ္ဍပ်ပေါင်း (၂၀ဝ)ကျော်၊ လမ်းလျှောက်သင်္ကြန် (၂)ခုရှိထားသည့် ရန်ကုန်သင်္ကြန်အတွက်လုံခြုံရေးပိုင်း အထူးတိုးမြှင့်ထား

မြူနစ်(NSS) - ဧပြီ ၈

     ရန်ကုန်တိုင်းအတွင်း၌ မဏ္ဍပ်ပေါင်း (၂၀ဝ)ကျော်၊ လမ်းလျှောက်သင်္ကြန် (၂)ခုတို့ဖြင့် သင်္ကြန်ပွဲတော်ကို ကျင်းပသွားမည်ဖြစ်ပြီး လုံခြုံရေးပိုင်းကို တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်နေ့ရက်အထိ တစ်နိုင်ငံလုံးတွင် ကျင်းပသွားမည်ဖြစ်သည်။


ထိုသို့ကျင်းပရာတွင် ရန်ကုန်တိုင်းအတွင်း ၌ ဌာနဆိုင်ရာရေကစားမဏ္ဍပ် (၁၀)ခု၊ လမ်းလျှောက် သင်္ကြန် (၁)ခု၊ ဖျော်ဖြေရေး မဏ္ဍပ် (၁)ခု၊ မြို့တော် ခန်းမတွင် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်  (၁)ခုတို့ကို ထည့်သွင်း ကျင်း ပသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့က အသိပေးထားသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်/မြို့ နယ်များတွင်လည်း ဗဟိုမဏ္ဍပ် (၄၃)ခု၊ ရေကစားမဏ္ဍပ် (၁၇၆)ခုကို တည်ဆောက်ကာ မဟာသင်္ကြန် ပွဲတော်ကို ဆင်နွှဲသွားရန် ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

"လမ်းလျှောက်သင်္ကြန်ပါတယ်။ အဲဒီအတွက် မဏ္ဍပ်တွေပြင်နေပါပြီ။ မဟာဗန္ဓုလပန်းခြံ ဘေးမှာပေါ့။ မဟာဗန္ဓုလမ်းနဲ့ ကုန်သည်လမ်းကြား လမ်းတစ်လျှောက်လုံးမှာ ယခင်နှစ်အတိုင်းပဲ sprinklerတွေနဲ့ ရေပန်းရေမွှားလျှောက်လမ်း၊ နောက်ပြီး တော့ ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ အရောင်းဆိုင်ခန်းတွေ အဲဒါတွေကို ပြင်နေပါတယ်။ ပြည်သူ့ရင်ပြင်မှာလည်း ဖျော်ဖြေရေးမဏ္ဍပ်ရော၊ မဏ္ဍပ်ကြီးတွေရောပါတယ်။ အဲဒီမှာလည်း လမ်းလျှောက်သင်္ကြန်ပုံစံမျိုးsprinkler နဲ့လမ်းတွေ လုပ်ထားမယ်။ အဲဒါတွေကို ပြည်သူ့ရင်ပြင်မှာ ပြင်လည်းပြင်နေပါပြီ"ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးတိုးအောင်က NSS ကို ပြောသည်။

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စည်စည်ကားကားဖြင့် မကျင်းပနိုင်ခဲ့သည်မှာ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါစတင် ဖြစ်ပွားချိန်မှစ၍ ပြီးခဲ့သော ၂၀၂၃ ခုနှစ် သင်္ကြန်ပွဲတော်ကာလအထိပင် ဖြစ်သည်။

နိုင်ငံတော်အာဏာကို တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ရယူခဲ့ပြီးနောက် ပိုင်းတွင် ပြည်တွင်း၌ လက်နက်ကိုင်ပဋိပက္ခများ၊ ဖောက်ခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်သတ်ဖြတ်မှု ဖြစ်စဉ် များ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရသည်။ အဆိုပါပဋိပက္ခများအနက် ရန်ကုန်မြို့၌ NUG လက်အောက်ခံ PDF အဖွဲ့အစည်းများသည် ဖောက်ခွဲတိုက်ခိုက်မှုများ၊ ပစ်ခတ်သတ်ဖြတ်မှုများစွာ ကျူးလွန်ထားမှုကိုလည်း ဖြစ်စဉ်များအရ တွေ့ရှိရသည်။

မကြာခင်ကျင်းပမည့် မဟာသင်္ကြန် ပွဲတော်အတွက် ရန်ကုန်မြို့တော်ခန်းမရှေ့၌ သင်္ကြန်မဏ္ဍပ် တည်ဆောက်ပြင်ဆင်နေစဉ် အနီး၌ မပေါက်ကွဲသေးသည့် အဝေးထိန်းလက်လုပ်ဗုံး (၂)လုံးကို မတ် ၂၄ ရက်တွင် စစ်ဆေးတွေ့ရှိခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။

ရန်ကုန်မြို့တော်သင်္ကြန်မဏ္ဍပ်အနီးတွင် မသင်္ကာဖွယ်ရာ ကျောပိုးအိတ်အမည်းတစ်လုံးအတွင်း မှ အချင်း ၃ လက်မ၊ အရှည် ၈ လက်မခန့်ရှိ PVC ပိုက်ပြာ ၂လုံးအတွင်း ယမ်းထည့်ထားပြီး ဂက်စ်ဘူး နှစ်ဘူး၊ ဓာတ်ဆီ ၁ လီတာဝင် ပလတ်စတစ်ဘူး နှစ် ဘူး၊ ၇၇၇ တံဆိပ်ပါ ၉ ဗို့ ဓာတ်ခဲ လေးလုံးဖြင့် တွဲဆက် ပြုလုပ်ထားသော အဝေးထိန်း လက်လုပ်ဗုံး ၂ လုံးကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်္ကြန်မဏ္ဍပ်ကို အဝေးထိန်း လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် Dark Shadow (မြို့ပြပျောက်ကျားအဖွဲ့)မှ တာဝန်ခံဆိုသူ ချမ်းငြိမ်းသူ(ခ)ပန်ဒါလေးက စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့တော်ခန်းမနှင့် သင်္ကြန်မဏ္ဍပ်ကို ဖောက်ခွဲတိုက်ခိုက်ရန် သွားရာတွင် Jammer စက် ကြောင့် အောင်မြင်မှုမရှိခဲ့သည့်အပြင် CCTV မှတ်တမ်းကြောင့် အမြန်ဆုတ်ခွာခဲ့ရပြီး လွတ်မြောက် နယ်မြေသို့ ရောက်ရှိနေပြီဟုလည်းDark Shadow အဖွဲ့မှ တာဝန်ခံဆိုသူ ပန်ဒါလေးက ၎င်း၏ လူမှုကွန် ရက်စာမျက်နှာမှတစ်ဆင့် မတ် ၂၅ ရက်တွင် ထုတ် ဖော်အသိပေးထားသည်ကို တွေ့ရသည်။

ရန်ကုန်မြို့၌ ပြီးခဲ့သောရက်ပိုင်းများ အတွင်းတွင်လည်း ဖောက်ခွဲတိုက်ခိုက်မှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရပြီး ထိုကဲ့သို့ ဖောက်ခွဲ တိုက်ခိုက်မှုများကိုDark Shadow အဖွဲ့အပါအဝင် အခြားသော UG  အဖွဲ့(၂)အဖွဲ့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များကြောင့် ရန် ကုန်မြို့၌ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်တွင် ပါ ဝင်ဆင်နွှဲရန်အတွက် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုအချို့  ရှိနေသည်ကိုလည်း တွေ့ရသည်။

"အဲဒီတုန်းက မဏ္ဍပ်က urgent  လုပ်နေရတဲ့ အချိန်ဆိုတဲ့အခါကျတော့ ဝင်လိုက်ထွက်လိုက်တွေများတယ်။ အခုကတော့ ပြီးသလောက်လည်း ဖြစ်သွားပြီဆိုတော့ မဏ္ဍပ်ပိုင်းကို လုံလုံခြုံခြုံ ပြန် လုပ်ပြီးတော့ လုံခြုံရေးကို အရင်ထက်ပိုချထားပါတယ်။ လုံခြုံရေးပိုင်းကတော့ ပူပန်မှုတော့ မရှိပါဘူး။ သင်္ကြန်ကာလကတော့ လုံခြုံရေးကို တိုးမြှင့်ပြီး လုပ်ထားပါတယ်။ လုံခြုံရေးကတော့ ပိုပြီးတော့ ဆောင်ရွက်ထားတယ်။ ဒါပေမဲ့ လွတ်လွတ်လပ်လပ် သွားလာနိုင်အောင်လည်း လုံခြုံရေးဘက်က စိစစ် ပြီးတော့ ပြင်ဆင်ထားပါတယ်။ လုံခြုံရေးက စိတ်ချရပါတယ်။ မပူရပါဘူး။ ပြည်သူတွေ အန္တရာယ်ကင်းရှင်း အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ထားပါတယ်။ သက်ဆိုင်ရာလုံခြုံရေးဆပ်ကော်မတီတွေကတော့ လုံ ခြုံရေးကို အရင်ထက်ပိုပြီးတော့ ဂရုစိုက်ပြီးတော့ လုပ်ပေးနေကြပါတယ်။ လူကြီးတွေကလည်း ဒါတွေ ကို ကြပ်ကြပ်မတ်မတ်မှာထားပါတယ်"ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုညွှန်ချုပ်ဦး တိုးအောင်က ပြောသည်။

မကြာခင်ကျင်းပမည့် ၂၀၂၄ ခုနှစ် မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နေပြည်တော်၊ ရန်ကုန်မြို့အပါအဝင် တိုင်းနှင့်ပြည်နယ်များ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် နစကအစိုးရက စီစဉ်ပြင်နေလျက်ရှိသည်။

"မြို့ကတော့ သူ့ဟာနဲ့သူ အေးချမ်းနေတာ ပဲ။ အေးချမ်းနေတဲ့အတိုင်းပဲ လုံခြုံရေးက ပုံမှန်အ တိုင်းပဲ ဆောင်ရွက်နေတာပေါ့လေ။ အဲဒီတော့ သင်္ကြန်နဲ့ပတ်သက်လို့ရှိရင်လည်း ပျော်ပျော်ရွှင်ရွှင်၊ စည် စည်ကားကား ဖြစ်နိုင်အောင်လည်း အကုန်လုံးက စီ စဉ်နေတာပေါ့။ အထူးသဖြင့်တော့ မြို့တော်ခန်းမနဲ့ ရင်ပြင်တို့အပါအဝင် ခရိုင်တွေ၊ မြို့နယ်တွေမှာလည်း ဒီနှစ်မဏ္ဍပ်တွေ ထိုးကြတယ်။ အဲဒါတွေ နဲ့ပတ်သက် လို့လည်း သက်ဆိုင်ရာ၊ ဒေသဆိုင်ရာ လုံခြုံရေးအဖွဲ့ တွေကတော့ သူတို့နဂိုစီမံချက်အ တိုင်းပဲ အားလုံးက ဆောင်ရွက်နေတာရှိပါတယ်"ဟု ရန်ကုန်တိုင်း အစိုး ရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဥပဒေချုပ် ဦးဌေးအောင်က NSS ကို ပြောသည်။

ရန်ကုန်မြို့တွင် မဟာင်္ကြန်ပွဲတော်ကို စည်စည်ကားကားဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တိုင်းအစိုးရအဖွဲ့က ကြိုးစားပြင်ဆင်နေလျက်ရှိကြောင်း တွေ့ရှိရသည်။ ပြည် ထောင်စုအစိုးရအဖွဲ့ရုံးစိုက်ရာ နေ ပြည်တော်တွင်လည်း သင်္ကြန်မဏ္ဍပ်များ တည်ဆောက်နေမှုနှင့်အတူ ကိုရီးယားနိုင်ငံမှ K-Pop အဆိုတော်များဖြင့် ဖျော်ဖြေကျင်းပသွားရန် ပြင်ဆင် နေလျက်ရှိသည်။         


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မိုဇမ်ဘစ်နိုင်ငံတွင် ကူးတို့သင်္ဘောတစ်စီးတိမ်းမှောက်ခဲ့ပြီး လူ(၁၀၀)နီးပါး သေဆုံး

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved