Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အာဖဂန် တာလီဘန်တို့က အမျိုးသမီး NGO ဝန်ထမ်းများကို တားမြစ်ပိတ်ပင်ထားပြန်

ရောင်နီ (NP News) - ဒီဇင်ဘာ ၂၅      

အာဖဂန်စီးပွားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်ဒူလ်ရက်မန်ဟာဘစ်က က အစိုးရ မဟုတ်တဲ့အဖွဲ့အစည်းများ (NGO) မှ အမျိုးသမီးဝန်ထမ်းများဟာ အစ္စလာမ်ဝတ်စားဆင်ယင်ပုံအတိုင်း လိုက်နာခြင်းမရှိတာကြောင့်လို့ဆိုကာ နောက်ထပ် သတိပေးချက်မထုတ်ပြန်မီအထိ အလုပ်လုပ်ကိုင်ခွင့်မရှိကြောင်း စီးပွားရေးဝန်ကြီးဌာနမှ ပေးစာမှာ ဖော်ပြပြောကြားခဲ့ပါတယ်။

အာဖဂန်မှာ အမျိုးသမီးများ တက္ကသိုလ်တက်ခွင့်မရှိကြောင်း အမိန့်ထုတ်ပြန်ပြီးနောက် ရက်ပိုင်းအတွင်း ကမ္ဘာလုံးဆိုင်ရာ ရှုတ်ချမှုနဲ့ ဆန္ဒပြမှုများ၊ ပြင်းပြင်းထန်ထန်ဝေဖန်မှုများ ဖြစ်ပွားနေချိန် ယခုကန့်သတ်ချက် ထပ်မံထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ကန့်သတ်ချက် နှစ်ခုစလုံးဟာ နိုင်ငံတကာရဲ့အသိအမှတ်မပြုမှုနဲ့ စီးပွားရေးကို ပြင်းထန်စွာ အဟန့်အတားဖြစ်စေတဲ့ ပိတ်ဆို့အရေးယူမှုများ ရရှိစေခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် က အဆိုပါလုပ်ရပ်ဟာ သန်းနဲ့ချီတဲ့ လူပေါင်းများစွာအတွက် အရေးကြီးတဲ့ အသက်ကယ် အကူအညီများကို အနှောင့်အယှက်ဖြစ်စေမှာ အလွန်စိုးရိမ်မိကြောင်း တွစ်တာမှာ ပြောကြားခဲ့ကာ "အမျိုးသမီးများဟာ ကမ္ဘာတဝန်းရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများမှာ အဓိကနေရာက ပါဝင်တယ်" လို့ ပြောကြားခဲ့ပါတယ်။ အာဖဂန်နစ္စတန်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် ရာမသ်ဇ်အလခ်ဘာရော့က ကုလသမဂ္ဂရဲ့အမိန့် မရရှိသေးပေမယ့်လည်း စာချုပ်ပါ NGO များအတွက် ပြင်းထန်တဲ့သက်ရောက်မှုရှိမှာဖြစ်ကြောင်း ဆိုပါတယ်။

နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီ AfghanAid က ၎င်းဟာ အခြားသော အဖွဲ့အစည်းများနဲ့တိုင်ပင်ကာ လုပ်ငန်းများ ချက်ချင်း ရပ်ဆိုင်းထားကြောင်း၊ အခြား NGO များလည်း အလားတူ  လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လူဦးရေ ထက်ဝက်ကျော်ခန့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကိုမှီခိုနေရတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အအေးဆုံးရာသီအတွင်း ယခုကန့်သတ်ချက်ဟာ အထောက်အပံ့ပေးရေးအစီအစဉ် အလားအလာများကို အန္တရာယ်ဖြစ်စေပါတယ်။       

အာဖဂန်နစ္စတန်ရဲ့စီးပွားရေးဟာ ၂ဝ၂၁ ခုနှစ် တာလီဘန်တို့ သိမ်းပိုက်ပြီးကတည်းက အကျပ်အတည်းဖြစ်လာကာ နိုင်ငံမှာ ပိတ်ဆို့အရေးယူမှုများ၊ ဖွံ့ဖြိုးရေးအကူအညီများ ဖြတ်တောက်ခြင်း၊ ဗဟိုဘဏ် ပိုင်ဆိုင်မှုများကို ရပ်တန့်စေခြင်း စတဲ့ အရေးယူမှုများနဲ့ ရင်ဆိုင်နေရပါတယ်။လာမယ့်နှစ်ဆိုရင် အာဖဂန်နိုင်ငံသား ၂၈ သန်းခန့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေနိုင်ကြောင်း AfghanAid က ခန့်မှန်းထားပါတယ်။


Zawgyi Version;









Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ခရိုအေးရှားနိုင်ငံထဲက လည်ပတ်ချင်စရာ အကောင်းဆုံးနေရာများ

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved