တောင်ကိုရီးယားအမျိုးသား K- POP အဖွဲ့ iKON ရဲ့ အဖွဲ့ဝင် ဘော်ဘီနဲ့ ချန်ဝူး စစ်မှုထမ်းရရတော့မယ့် ရက်စွဲထွက်ရှိလာ
ရောင်နီ (NSS) - ဧပြီ ၈
တောင်ငိုရီးယား အမျိုးသား K - POP အဖွဲ့ iKON ရဲ့အဖွဲ့ဝင် ဘော်ဘီနဲ့ ချန်ဝူး စစ်မှုထမ်းရတော့မယ့် ရက်စွဲ ထွက်ရှိလာပြီဖြစ်ပါတယ်။
ဒီအကြောင်းကို 143 Entertainment က ဧပြီလ ၆ ရက်မှာ ထုတ်ပြန်လာခဲ့ခြင်းဖြစ်ပါတယ်။ ၎င်း official ထုတ်ပြန်စာမှာ iKON အဖွဲ့ဝင် ဘော်ဘီဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ မေလ ၂၁ ရက်မှစ စစ်လေ့ကျင့်ရေး စင်တာကို စတင်ဝင်ရောက်မှာဖြစ်ပြီး၊ ဂျန်ချန်ဝူးကတော့ မေလ ၂၇ ရက်မှာ စစ်မှုထမ်းမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ဘော်ဘီနဲ့ ဂျန်ချန်ဝူးတို့ စစ်မှုထမ်းတာဝန်ကို ကျေကျေပွန်ပွန်ထမ်းဆောင်ပြီး ပြန်လာတဲ့နေ့အထိ အားပေးမှုတွေ လျော့မသွားဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် ၎င်းတို့စစ်မှုထမ်းခြင်းနဲ့ ပတ်သက်ပြီးစာနယ်ဇင်းပွဲ တွေ ကျင်းပပြုလုပ်မှာ မဟုတ်ကြောင်းလည်း ပြောကြားထားပါတယ်။
iKON အဖွဲ့ဟာ ၂၀၁၅ ခုနှစ်ကစ အဖွဲ့ဝင် ၆ ယောက်နဲ့ debute လာတဲ့ နာမည်ကျော် တောင်ကိုရီးယား အမျိုးသား K - POP အဖွဲ့ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖလော်ရီဒါပြည်နယ် မာတီနီဘား ပစ်ခတ်မှုဖြစ်ပွား၊ လူနှစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိ
RELATED POSTS
17 Sep 2024 | အနုပညာ,နိုင်ငံတကာ
13 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ