Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
(၃)လအတွင်း YBS ယာဉ်မောင်းများ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု အပါအဝင် အမှုပေါင်း (၁၈၀၀၀)ကျော်ကို ဖမ်းဆီးအရေးယူထား

စော (NSS) - ဧပြီ ၇

(၃)လအတွင်း YBS ယာဉ်မောင်းများ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု အပါအဝင် အမှုပေါင်း (၁၈၀၀၀)ကျော်ကို ဖမ်းဆီးအရေးယူထားကြောင်း ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ(YRTC) ထံမှ သိရသည်။

YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ယခုရက်ပိုင်းအတွင်း YRTC ရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ YBS ယာဉ်မောင်းများ ဖမ်းဆီးအရေးယူခံရသည့် အမှုပေါင်း (၁၈၄၂၄)မှု ရှိခဲ့ကြောင်း သိရသည်။


“ကျွန်တော်တို့ ဒီလိုမျိုး ဖမ်းဆီးတာကတော့ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ YBS ယာဉ်တွေ၊ ယာဉ်မောင်းတွေ စည်းကမ်းတကျမောင်းဖို့၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းအောင်မောင်းဖို့အတွက် ဒီလိုမျိုး ဖမ်းဆီးတာဖြစ်ပါ တယ်။ ဒီလိုမျိုး ဖမ်းဆီးတဲ့အခါမှာ မီးနီဖြတ်မောင်းတို့ ဘာတို့ဆိုရင်  (၃)ကြိမ်ဖြတ်ရင် YBS မောင်းနှင်ခွင့်ကို အမြဲတမ်းပိတ်သိမ်းလိုက်တယ်” ဟု YRTC မှတွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။  

အဆိုပါအမှုများမှာ  မှတ်သားဖမ်းဆီးမှု (၁၆၆၀၂) မှု၊ တိုင်ကြားမှု (၂၂၉)မှု၊  Facebook အမှု (၂)မှု၊ မီးနီဖြတ်မောင်းမှု (၅၈)မှု၊ သတ်မှတ်ကီလိုမီတာအထက် ကျော်လွန်မောင်းနှင်မှု (၉၁၀)မှု နှင့် သတ်မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင်မှု (၁၆၅)တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မဆင်မခြင်မောင်းနှင်မှု (၁၀၀)မှု၊ ရပ်နားချိန်ကြာမြင့်မှု (၈၆)မှု၊ ယာဉ်တစ်စီးနှင့်တစ်စီး ယှဉ်ပြိုင်မောင်းနှင်မှု (၁၈၉)မှု၊ မချေမငံပြောဆိုမှု (၁)၊ Complain Centerမှ Viberသို့ တိုင်ကြားမှု (၂)မှု နှင့် အခြားအမှု (၈၀)မှုတို့ဖြစ် ကြောင်း သိရသည်။

“ဒီလိုမျိုး ယာဉ်တိုက်ခိုက်မှုတွေ ဖြစ်တဲ့အတွက်ကြောင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး နှင့် စစ်ဆေးရေးဌာနကနေ ပြီးတော့ အဖွဲ့ (၉)ဖွဲ့  ဖွဲ့ပြီးတော့ လမ်းကြောင်း (၁၀)ကြောင်း၊ လိုက်လံစစ်ဆေးပြီးတော့ ကျွန်တော်တို့ ဆောင်ရွက် လေ့ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ဇန်နဝါရီလ မှ ဧပြီ ၃ ရက်အထိ YBS ယာဉ် မတော်တဆမှုဖြစ်စဉ်များတွင် သေဆုံးသူ(၁၃)ဦး၊ ဒဏ်ရာရသူ (၃၂)ဦး  ရှိခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးပြည်သူ သိန်းနဲ့ချီပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved