အစ္စရေးပြည်သူ သိန်းနဲ့ချီပြီး အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ပြုလုပ်
ဂျန်ဇက် (NSS) - ဧပြီ ၇
အစ္စရေးနိုင်ငံမှာ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးပြန်လွတ်မြောက်ရေးအတွက် ဟားမက်စ်လက်နက်ကိုင်အုပ်စုနဲ့ စာချုပ်ချုပ်ဆိုဖို့ အစ္စရေးပြည်သူ သိန်းနဲ့ချီပြီး တောင်းဆိုဆန္ဒပြနေကြောင်း သိရပါတယ်။
အစ္စရေးနိုင်ငံရဲ့မြို့တော် တဲအဲဗစ်မြို့အပြင် အခြားမြို့တွေမှာ ဆန္ဒပြနေခြင်းဖြစ်ပြီး ပြည်သူတွေက ရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပပေးဖို့ တောင်းဆိုနေပါတယ်။ အစ္စရေးအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း မှာ ဟားမက်စ်လက်နက်ကိုင်အုပ်စုဖမ်းဆီးခံရတဲ့ သူတွေရဲ့မိသားစုဝင်တွေလည်း ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။
ဆန္ဒပြသူတွေဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့လက်ထဲမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ လူပေါင်း ၁၃ဝ ကျော် ပြန်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး အစိုးရရဲ့ဆောင်ရွက်ချက်တွေကို စိတ်ပျက်နေကြောင်း သိရပါတယ်။ ဆန္ဒပြပွဲစီစဉ်သူများက အစ္စရေးနိုင်ငံတဝှမ်းရှိ မြို့ပေါင်း ၅ဝ မှာ ဖမ်းဆီးခံထားရသူတွေ အမြန်ဆုံးပြန်လွတ်မြောက် ရေးအတွက် ဆန္ဒပြပွဲတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု နုတ်ထွက်ရေးကိုလည်း တောင်းဆိုနေ ကြောင်း သိရပါတယ်။ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၆ လကျော်ကြာမြင့် နေပြီး အပစ်ခတ်ရပ်စဲရေးဆွေးနွေးနေပေမယ့် လက်ရှိအချိန်အထိ တိုးတက်မှုမှုရှိသေးဘဲ ဆက်လက်ဆွေးနွေးနေ ဆဲသာဖြစ်ပါတယ်။
အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ လက်ရှိအချိန်မှာ အစ္စရေးပြည်သူများရဲ့ဖိအားတွေအပြင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာရဲ့ဖိအားတွေကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် အစ္စရေးဝန်ကြီးချုပ်က ဟားမက်စ် လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
အစ္စရေးလုံခြုံရေးအဖွဲ့တွေဟာ အစိုးရဆန့်ကျင်ရေးဆန္ဒပြခဲ့တဲ့အုပ်စုတွေကိုဖြိုခွင်းဖို့ ကြိုးပမ်းခဲ့ပြီး အငြင်းပွားမှုများ ပိုမိုအရှိန်မြင့်တက်လာနေကြောင်း အစ္စရေးမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မတ္တရာမြို့နယ်တွင် Light Truck ကားတစ်စီး တိမ်းမှောက်ခဲ့ရာ (၁၅)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း