မတ္တရာမြို့နယ်တွင် Light Truck ကားတစ်စီး တိမ်းမှောက်ခဲ့ရာ (၁၅)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဧပြီ ၇
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် Light Truck ကားတစ်စီး တိမ်းမှောက်ခဲ့ရာ (၁၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ မတ္တရာမြို့နယ်ထံမှ သိရသည်။
ယာဉ်တိမ်းမှောက်မှုသည် ယမန်နေ့(ဧပြီလ ၆ ရက်)၊ ညနေ ၄ နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် မန္တလေး မတ္တရာလမ်း ဆင်ရွာကြီးလမ်ခွဲထိပ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားကမောင်းနေရင်းကနေ ကားအောက်ပိုင်း တစ်ခုခုချို့ယွင်းပြီး ဘယ်ဘက်လမ်းဘေးကို ဆွဲချပြီး မှောက်သွားတာပါ။ အဲဒီမှာ ကားပေါ်မှာပါလာတဲ့ ပန်းရံအလုပ်သမား(၁၅)ယောက်လုံး ဒဏ်ရာရတာပါ။ စိုးရိမ်ရတဲ့အခြေအနေမရှိပေမယ့် (၂)ယောက်ကတော့ ခေါင်းကွဲသွားတယ်။ ကျန်တဲ့လူတွေကတော့ ပွန်းပဲ့လောက်ပါပဲ။ ကားကတော့ ပျက်စီးသွားပါတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ မတ္တရာမြို့နယ်မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကြောင့် Light Truck ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသား (၈)ဦး နှင့် အမျိုးသမီး(၇)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသခံလူမှုကူညီရေးအသင်းများ ပူးပေါင်းကာ နီးစပ်ရာတိုက်နယ်ဆေးရုံ ဆေးခန်းများသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ အမေရိကန်ဦးဆောင်ပြီး နိုင်ငံ လေးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း