Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ အမေရိကန်ဦးဆောင်ပြီး နိုင်ငံ လေးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်

ဂျန်ဇက် (NSS) - ဧပြီ ၇ 

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေဟာ အငြင်းပွားမှုတွေဖြစ်ပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ ဧပြီ ၇ ရက်က စတင်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ 


တောင်တရုတ်ပင်လယ်အတွင်းပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်းမှာ အမေရိကန်တပ်ဖွဲ့တွေအပြင် ဖိလစ်ပိုင်၊ သြစတြေးလျ၊ ဂျပန်နိုင်ငံတို့ ကတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံ ကြား တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှု အရှိန်ပိုမိုမြင့်တက်လာခြင်း၊ ထိပ်တိုက်တွေ့ဆုံမှု များပိုမိုဖြစ်လာချိန်မှာ အမေရိကန် နဲ့ ဖိလစ်ပိုင်တို့ ဦးဆောင်ပြီး ပူးတွဲစစ်ရေးလေ့ကျင့်ခန်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 


နိုင်ငံ လေးနိုင်ငံရဲ့ကာကွယ်ရေးဌာနအကြီးအကဲတွေက အမေရိကန်ဦးဆောင်ပြုလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းဟာ ရေတပ်ချင်း ပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းမွန်အောင် လုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးလွိုင်အော်စတင် က "နိုင်ငံတိုင်းဟာ လေကြောင်းနဲ့ ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုတွေ လွတ်လပ်စွာ ပြုလုပ်ခွင့်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ပူးတွဲစစ်ရေးလေ့ကျင့်ခန်းဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရည်ရွယ်တာဖြစ်တယ်။ ဒါ့အပြင် မဟာမိတ်နိုင်ငံတွေအပေါ်ပေးထားတဲ့ကတိတွေကို အကောင်အထည်ဖော်တာ မျိုးဖြစ်ပါတယ်" လို့ ပြောပါတယ်။


တရုတ်စစ်တပ်ကတော့ ဧပြီ ၇ ရက်မှာ စတင်ပြုလုပ်ခဲ့တဲ့ အမေရိကန်ဦးဆောင်ပြီး နိုင်ငံ ၄ နိုင်ငံ ပူးပေါင်း လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်ခန်းကို ဝေဖန်ပြစ်တင်ထားပြီး တရုတ်နိုင်ငံရဲ့အချုပ်အခြာအာဏာကို အန္တရာယ် ဖြစ်စေနိုင်တဲ့လုပ်ရပ်မျိုးဖြစ်တယ်လို့ ဝေဖန်ပြစ်တင်ထားပါတယ်။ တရုတ်နိုင်ငံက ၎င်းတို့ဟာ တောင်တရုတ် ပင်လယ်အတွင်းရှိ ပိုင်နက်နယ်မြေ ၉၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတယ်လို့ ပြောဆိုထားပြီး၊ ဖိလစ်ပိုင် အပါအဝင် အာဆီယံဒေသအတွင်းရှိ နိုင်ငံအချို့နဲ့ အငြင်းပွားမှုတွေဖြစ်ပွားနေပါတယ်။

တရုတ်အစိုးရက အမေရိကန်ဦးဆောင်ပြုလုပ်တဲ့စစ်ရေးလေ့ကျင့်ခန်းဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေကို ကြားဝင်စွက်ဖက်ခြင်းဖြစ်သလို နိုင်ငံလုံခြုံရေးကို ထိခိုက်နစ်နာစေကြောင်း ဝေဖန်ထားပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ချောက်မြို့တွင် လွန်ခဲ့သည့်နှစ်ပေါင်း(၅၆)နှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန်စံချိန်ဟောင်းထက် ပိုမို မြင့်မားသည့် အပူချိန်စံချိန်သစ်ဖြစ်ပေါ်

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved