ချောက်မြို့တွင် လွန်ခဲ့သည့်နှစ်ပေါင်း(၅၆)နှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန်စံချိန်ဟောင်းထက် ပိုမို မြင့်မားသည့် အပူချိန်စံချိန်သစ်ဖြစ်ပေါ်
ယွန်း (NSS) – ဧပြီ ၇
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် လွန်ခဲ့သည့်နှစ်ပေါင်း(၅၆)နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန် စံချိန်ဟောင်းထက် ပိုမိုမြင့်မားသည့် အပူချိန်စံချိန်သစ်ဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ ယမန်နေ့(ဧပြီ ၆ ရက်) တွင် ချောက်မြို့ အပါအဝင် မြို့(၄)မြို့၌ အပူချိန် စံချိန်သစ် မြင့်တင်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် အမြင့်ဆုံးအပူချိန် (၄၇ ဒသမ ၄) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း (၅၆)နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အမြင့်ဆုံးအပူချိန်စံချိန်ဟောင်း(၄၇ ဒသမ ဝ) ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန် သည့် အပူချိန်စံချိန်သစ်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင်လည်း အမြင့်ဆုံးအပူချိန်စံချိန်(၄၅ ဒသမ ၂) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း(၅၉)နှစ်အတွင်း အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ပြီး ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့တွင်လည်း အပူချိန်(၃၇ ဒသမ ၈) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း(၄၅)နှစ်အတွင်း အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးဇလ က ဆိုထားသည်။
အလားတူ ရှမ်းပြည်နယ်၊ လွိုင်လင်မြို့တွင်လည်း အမြင့်ဆုံးအပူချိန်စံချိန်(၃၆ ဒသမ ၆) ဒီဂရီစင်တီဂရိတ်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း(၅၇)နှစ်အတွင်း အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ဧပြီလမှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နေ့အပူချိန်များ မြှင့်တက်လာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ကြီးတံခွန်မြို့နယ်တွင် ကတ်ထူစက္ကူဂိုထောင်တစ်ခု မီးလောင်မှုဖြစ်ပွား
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း