ပြည်ကြီးတံခွန်မြို့နယ်တွင် ကတ်ထူစက္ကူဂိုထောင်တစ်ခု မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဧပြီ ၇
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ကတ်ထူစက္ကူဂိုထောင်တ စ်ခုမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မဏီစလ လူမှုကူညီရေးအသင်းထံမှ သိရသည်။
မီးလောင်မှုသည် ယနေ့ (ဧပြီလ ၇ ရက်)၊ နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ၆၈ လမ်း ၁၂၅ × ၁၂၆လမ်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ဘယ်လိုကနေ စလောင်လည်းဆိုတာ တိတိကျကျတော့ မသိရသေးဘူး။ ကတ်ထူစက္ကူတွေထားတဲ့ ဂိုထောင်ကြီးတစ်ခုလုံးလောင်တာ။ အဲဒီဂိုထောင်ကြီးကလည်း (၂)ခြမ်းခွဲထားတဲ့ ဂိုထောင်ပါ။ မီးကတော့ Level 1 ဆိုတော့ တော်တော်ကြာကြာ မီးငြှိမ်းလိုက်ရတယ်” ဟု မဏီစလလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကတ်ထူစက္ကူဂိုထောင်တစ်ခုလုံး မီးလောင်ပျက်စီး သွားခဲ့ကြောင်း သိရသည်။
“မန္တလေးမှာက မီးက ခဏခဏလောင်တယ်။ ဝါယာရှော့ကြောင့်လောင်တာများတယ်။ အဓိကကတော့ မီးလာ လိုက်ပြတ်လိုက်ဖြစ်ပြီး မီးအားတွေ တက်တိုက်ကျလိုက်ဖြစ်ပြီးလောင်တာတွေများတယ်” ဟု ၎င်းက ဆက်ပြောသည်။
၎င်းမီးလောင်မှုဖြစ်စဉ်ကို နယ်မြေခံမီးသတ်တပ်ဖွဲ့များ နှင့် ပရဟိတအသင်းများပူးပေါင်းကာ (၃)နာရီခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုဖြစ်စဉ် နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ဝင်များက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်မှာ လေပြင်းတိုက်ခတ်မှုကြောင့် တိုက်ခန်းမှာနေတဲ့ လူသုံးဦး လွင့်ကျသေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ