ဘီးလင်းမြို့နယ်၌ ခရီးသည်တင်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရ၍ လူတစ်ဦး သေဆုံး
မြူနစ် (NSS) - ဧပြီ ၆
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ခရီးသည်တင်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ၍ လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
NUG လက်အောက်ခံ PDF အဖွဲ့သည် ဧပြီ ၄ ရက်တွင် ဘီးလင်းမြို့နယ်၊ ဒေါင်းရွာကျေးရွာအနီးရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ရန်ကုန်-ရေး ပြေးဆွဲနေသည့် အောင်ကျော်မိုးခရီးသည်တင်ယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်ခံရမှုကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိသူများသည် သထုံမြို့နယ်ပြည်သူ့ဆေးရုံး၌ ဆေးကုသမှုခံယူနေလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ PDF အဖွဲ့၏ လုပ်ရပ်သည် စစ်ရေးနှင့်မသက်ဆိုင်ဘဲ အေးချမ်းစွာ ခရီးသွားလာနေသည့်ပြည်သူများကို တိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့အရ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ်ကြောင်း နစကမှ ဆိုသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အထက်ပါ PDF အဖွဲ့ဝင်များကို အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ