ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်
Pika (NSS) - ဧပြီ ၆
မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ကို ခန့်အပ်လိုက်ကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဧပြီလ(၅)ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခြင်းအတွက် အန်တိုနီယိုဂူတာရက်စ်ကို ကျေးဇူးတင်ကြောင်း ဂျူလီဘစ်ရှော့က ပြောကြားခဲ့ပြီး ယခင်မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဟောင်း နိုလန်ဟေဇာ၏ ရာထူးကို ဆက်ခံခဲ့ကြောင်းသိရသည်။ ထို့ပြင် ဂျူလီဘစ်ရှော့သည် ကျယ်ပြန့်သော နိုင်ငံရေး၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲမှုနှင့် အကြီးတန်းခေါင်းဆောင်မှုဆိုင်ရာ အတွေ့အကြုံများစွာရှိသူဖြစ်ကြောင်းလည်းသိရသည်။ ဂျူလီဘစ်ရှော့သည် ဩစတြေးလျအစိုးရထံတွင် အဆင့်မြင့်ရာထူးပေါင်းများစွာကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရသည်။ ဂျူလီဘစ်ရှော့သည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေး၊ သိပ္ပံနှင့်လေ့ကျင့်ရေးအစိုးရအဖွဲ့ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးကြောင်းသိရသည်။
ဂျူလီဘစ်ရှော့သည် ၁၉၉၈ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ ဩစတြေးလျလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ဂျူလီဘစ်ရှော့သည် ၎င်း၏အသက်မွေးဝမ်းကျောင်းကာလတစ်လျှောက်အတွင်း ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် ထိတွေ့ဆက်ဆံမှုကို ပိုမိုအားကောင်းလာစေခဲ့ပြီး နိုင်ငံတကာစေ့စပ်ညှိနှိုင်းရေးကြိုးပမ်းမှုများကို ဦးဆောင်ခဲ့ကြောင်းလည်း သိရသည်။ လက်ရှိအချိန်တွင် ဂျူလီဘစ်ရှော့သည် ဩစတြေးလျအမျိုးသားတက္ကသိုလ်၏ အဓိပတိဖြစ်ပြီး ဩစတြေးလျနိုင်ငံ Adelaideတက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိထားသူဖြစ်ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငလျင်ကြောင့် တိမ်းစောင်းသွားတဲ့ (၇)ထပ် တိုက်အဆောက်အအုံကို ဖြိုချဖျက်ဆီး
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း