လော့အိန်ဂျလိစ်မှာ ထရပ်ကားတိမ်းမှောက်မှုကြောင့် ထောင်နဲ့ချီတဲ့ Chinook ဆယ်လ်မွန်ငါးတွေ လွတ်မြောက်
ရောင်နီ (NSS) - ဧပြီ ၆
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလိစ်မှာ ချောင်းတစ်ခုအနီး ထရပ်ကားတစ်စီး တိမ်းမှောက်မှုကြောင့် Chinook ဆယ်လ်မွန်ငါးတွေ ရေထဲကျကာ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆယ်လ်မွန်ငါးတွေဟာ မျိုးတုံးပျောက်ကွယ်လုနီးပါး အန္တရာယ်ရှိနေပြီဖြစ်တာကြောင့် ၎င်းတို့ကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ်က အော်ရီဂွန်ပြည်နယ် အနောက်မြောက်ပိုင်း တောင်တန်းဒေသမှာ ဆယ်လမွန်ငါးများ သယ်ဆောင်လာတဲ့ ထရပ်ကား ချောင်းတစ်ခုအနီး လမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ၎င်းကြောင့် ကားပေါ်တင်ဆောင်လာတဲ့ ဆယ်လ်မွန်ငါး ၇၇,၀၀၀ လောက်ကို ချောင်းထဲကို ရောက်သွားခဲ့တာ ဖြစ်တယ်လို့ အော်ရီဂွန်ငါးနဲ့ တောရိုင်းတိရစ္ဆာန်ဌာနမှ ထုတ်ပြန်ချက်အရ သိရပါတယ်။ ကုန်တင်ယာဉ်မောင်းဟာလည်း ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Chinook ဆော်လမွန်ငါးတွေဟာ ရာသီဥတုဖောက်ပြန်မှု၊ ဆယ်စုနှစ်များစွာကြာ မိုးခေါင်ရေရှားမှု ဖြစ်ရပ်တွေကြောင့် မျိုးတုံးလုနီးပါးခြိမ်းခြောက်ခံနေရတာ ဖြစ်ပါတယ်။ မိုးခေါင်ရေရှားမှုဒဏ်ခံရတဲ့ မြစ်တွေ၊ ပုံမှန်မဟုတ်သော ပူနွေးသောရေတွေကြောင့် ဆယ်လ်မွန်တွေ သေဆုံးခြင်းမျိုး မဖြစ်အောင် တောရိုင်းတိရစ္ဆာန်အရာရှိများက နှစ်စဉ် ဆယ်လ်မွန် သန်းပေါင်းများစွာကို သယ်ယူပြီး ပင်လယ်ထဲကို ပို့ဆောင်ပေးလေ့ ရှိတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘီးလင်းမြို့နယ်၌ ခရီးသည်တင်ကားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရ၍ လူတစ်ဦး သေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ