မုဒုံမြို့၌ တည်ဆောက်နေသော နိုင်ငံတကာအဆင့်မီလေဆိပ်စီမံကိန်းလုပ်ငန်းခွင် Drop Bomb ဖြင့် တိုက်ခိုက်ခံရ
မြူနစ် (NSS) - ဧပြီ ၆
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ တည်ဆောက်နေသော နိုင်ငံတကာအဆင့်မီလေဆိပ်စီမံကိန်းလုပ်ငန်းခွင်ကို အကြမ်းဖက်အဖွဲ့က Drop Bomb ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ Drop Bomb ဖြင့် တိုက်ခိုက်မှုဖြစ်စဉ်သည် ယနေ့(ဧပြီ ၆ ရက်) နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ လေဆိပ်စီမံကိန်းလုပ်ငန်းခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဖြစ်စဉ်က ဟုတ်ပါတယ်။ ဒီနေ့ မနက် ၁၀ နာရီခွဲလောက်မှာ Drop Bomb တစ်လုံး လာချသွားတာပါ။ လေဆိပ်လုပ်ငန်း ခွင်မှာရှိတဲ့ ကားတစ်စီးတော့ မှန်တွေကွဲသွားတာရှိတယ်။ လူထိခိုက်တာမျိုးတော့ မရှိပါဘူး” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သူ NSS ကို ပြောသည်။
၎င်းလေဆိပ်စီမံကိန်းသည် လက်ရှိနစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။
နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ မြေဧက ပေါင်း ၃၄၄၇ ဒသမ ၄၂ ဧကပေါ်တွင် အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။ အဆိုပါစီမံကိန်းကြောင့် နစ်နာမှုရှိခဲ့သော တောင်သူများကိုလည်း တစ်ဧကလျှင် ငွေကျပ်သိန်း (၄၀)နှုန်းဖြင့် ကျပ်(၁၉)ဘီလျံအထိ မြေယာလျော် ကြေးပေးဆောင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် အမေရိကန်နှင့်ဂျာမနီတို့က တွန့်ဆုတ်နေကြောင်း NYT ဖော်ပြ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ