ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် အမေရိကန်နှင့်ဂျာမနီတို့က တွန့်ဆုတ်နေကြောင်း NYT ဖော်ပြ
Pika (NSS) - ဧပြီ ၆
ရုရှား၏ဖိအားပေးမှုများအောက်တွင် ယူကရိန်းစစ်တပ်ပြိုကွဲသွားမည်ကို စိုးရိမ်မှုများရှိနေသော်လည်း ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံရန် အမေရိကန်နှင့် ဂျာမနီတို့က တွန့်ဆုတ်နေကြောင်း New York Times သတင်းစာက ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခြင်းသည် ဥရောပတွင် ၁၉၄၅ ခုနှစ်နောက်ပိုင်း အကြီးမားဆုံးစစ်ပွဲ ဖြစ်ပွားလာစေမည်ကို နေတိုးအဖွဲ့တာဝန်ရှိသူများက စိုးရိမ်နေကြကြောင်း NYT ကဖော်ပြခဲ့သည်။ ထို့ပြင် ယူကရိန်းအတွက် စေတနာအလျောက်လှူဒါန်းခြင်းများထက် ပိုမိုယုံကြည်စိတ်ချရသော အကူအညီများ ကူညီပံ့ပိုးပေးရန် အဖွဲ့ဝင်နိုင်ငံများကို နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်စတိုလ်တန်ဘာ့ချ်က တိုက်တွန်းခဲ့ကြောင်းသိရသည်။ ယူကရိန်းအတွက် စစ်ရေးအကူအညီများကို ငါးနှစ်ကြာ ကူညီပံ့ပိုးပေးမှုများလုပ်ဆောင်ပေးမည့် ယူရို(၁၀၀)ဘီလျံ အစီအစဉ်ကို ဂျန်စတိုလ်တန်ဘာ့ချ်က အဆိုပြုခဲ့ကြောင်းလည်းသိရသည်။ ယူရို(၁၀၀)ဘီလျံ အကူအညီပေးရေးအစီအစဉ်တွင် ပါဝင်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများကို နေတိုးအဖွဲ့က မည်ကဲ့သို့တွန်းအားပေးမည်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း NYTကရေးသားဖော်ပြထားသည်။
NYT က 'ရုရှားတပ်ဖွဲ့တွေက ပိုမိုထိုးစစ်ဆင်လာတာနဲ့အမျှ ယူကရိန်းက စစ်ပွဲကိုရှုံးနိမ့်မယ့်အန္တရာယ်တွေနဲ့ ကြုံတွေ့နေရမယ်ဆိုရင် နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်လာ/မလာဆိုတဲ့အချက်က အရေးကြီးတော့မှာမဟုတ်ပါဘူး'ဟု ရေးသားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လော့အိန်ဂျလိစ်မှာ ထရပ်ကားတိမ်းမှောက်မှုကြောင့် ထောင်နဲ့ချီတဲ့ Chinook ဆယ်လ်မွန်ငါးတွေ လွတ်မြောက်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း