Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အကျဉ်းထောင်တပ်ကြပ်တစ်ဦးကို PDF အဖွဲ့မှ ဖမ်းဆီးထားပြီး ၎င်းအား ဌာနမှလည်း ခွင့်မဲ့ပျက်ကွက်အဖြစ် ကြေညာထားဟုဆို

 NP News - ဒီဇင်ဘာ ၂၅

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်ရှိ (၉)မိုင်အကျဉ်းထောင်တပ်ကြပ်တစ်ဦးကို PDF အဖွဲ့မှ ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဒီဇင်ဘာလ ၂၄ ရက်)တွင် မြိတ်-ထားဝယ်ကားလမ်း၌ (၉)မိုင်အကျဉ်း ထောင်မှ ဦးစီးမှူးဖြစ်သူ သူရစိုးကို ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်ခရိုင် PDF အဖွဲ့က ထုတ်ပြန်ထားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိနေသည်။

ဦးသူရစိုးသည် (၉)မိုင်အကျဉ်းထောင်၏ ဦးစီးမှူးမဟုတ်ဘဲ အကျဉ်းထောင်တပ် ကြပ်အဖြစ်သာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။

“သူက တာဝန်ခံတွေမဟုတ်ဘူး။ အရာရှိ မဟုတ်ဘူး။ တပ်ကြပ်သူရစိုးပေါ့။ ဒီဇင် ဘာလ၂၄ ရက်ကတည်းက ခွင့်မဲ့ပျက်ကွက်သွားတာ။ မနေ့ကပေါ့နော်။ အဆက် အသွယ်မရှိတဲ့အတွက် ဌာနက ခွင့်မဲ့ပျက်ကွက်ကြေညာလိုက်ပြီ။ အဲဒီမှာ သူ့မိသား စုလည်း မရှိတော့ဘူး။ သူ့ဟာသူ ပျောက်နေတာပေါ့” ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။ သို့သော် တပ်ကြပ်သူရစိုးအား PDF အဖွဲ့က ဖမ်းဆီးသွားခြင်းဟုတ်၊ မဟုတ်ကို အတိအကျမသိရ၍ အတည်မပြုနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။

“အခုအချိန်ကတော့ လုံခြုံရေးအဖွဲ့အစည်းတွေဖြစ်တဲ့ တပ်တို့၊ ရဲတို့၊ အကျဉ်းဦးစီးတို့ဆိုတာ အမြဲတမ်း တန်းစီတာကို။ လူ စစ်တဲ့အခါမှာ မရှိဘူးလေ။ မရှိတော့ ခွင့်မဲ့ပျက်ကွက်ကြေညာလိုက်တာပေါ့” ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

(၉)မိုင်အကျဉ်းထောင်မှ တပ်ကြပ်သူရစိုးအား PDF အဖွဲ့မှ ဖမ်းဆီးသွားခြင်းဖြစ် ကြောင်း လုံခြုံရေးအဖွဲ့ဝင်များနှင့်နီးစပ်သော သတင်းအရင်းအမြစ်များက NP News ကို အတည်ပြုပြောဆိုထားပြီး ၎င်းမှာ ကားနှင့်ထွက်ပြေးစဉ်အချိန် ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာ၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

လက်ရှိတွင် လူမှုကွန်ရက်စာမျက်နှာများ၌ အကျဉ်းဦးစီးဌာန ယူနီဖောင်းဝတ်ဆင်ထားသူအား (၉)မိုင်အကျဉ်းထောင်မှ ဦးစီးမှူးသူရစိုးဟုဆိုကာ ဖြန့်ဝေနေလျက်ရှိပြီး အမှန်တကယ်တွင် ၎င်းမှာ မကွေတိုင်း၌ တာဝန်ကျနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။


zawgyi version

အက်ဥ္းေထာင္တပ္ၾကပ္တစ္ဦးကို PDF အဖြဲ႕မွ ဖမ္းဆီးထားၿပီး ၎အား ဌာနမွလည္း ခြင့္မဲ့ပ်က္ကြက္အျဖစ္ ေၾကညာထားဟုဆို

NP News - ဒီဇင္ဘာ ၂၅

တနသၤာရီတိုင္း၊ ေကာ့ေသာင္းခ႐ိုင္ရွိ (၉)မိုင္အက်ဥ္းေထာင္တပ္ၾကပ္တစ္ဦးကို PDF အဖြဲ႕မွ ဖမ္းဆီးထားေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔ (ဒီဇင္ဘာလ ၂၄ ရက္)တြင္ ၿမိတ္-ထားဝယ္ကားလမ္း၌ (၉)မိုင္အက်ဥ္း ေထာင္မွ ဦးစီးမႉးျဖစ္သူ သူရစိုးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ၿမိတ္ခ႐ိုင္ PDF အဖြဲ႕က ထုတ္ျပန္ထားသည္ဟု သတင္းမ်ားထြက္ေပၚလ်က္ရွိေနသည္။

ဦးသူရစိုးသည္ (၉)မိုင္အက်ဥ္းေထာင္၏ ဦးစီးမႉးမဟုတ္ဘဲ အက်ဥ္းေထာင္တပ္ ၾကပ္အျဖစ္သာ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို အတည္ျပဳေျပာဆိုထားသည္။

“သူက တာဝန္ခံေတြမဟုတ္ဘူး။ အရာရွိ မဟုတ္ဘူး။ တပ္ၾကပ္သူရစိုးေပါ့။ ဒီဇင္ ဘာလ၂၄ ရက္ကတည္းက ခြင့္မဲ့ပ်က္ကြက္သြားတာ။ မေန႔ကေပါ့ေနာ္။ အဆက္ အသြယ္မရွိတဲ့အတြက္ ဌာနက ခြင့္မဲ့ပ်က္ကြက္ေၾကညာလိုက္ၿပီ။ အဲဒီမွာ သူ႔မိသား စုလည္း မရွိေတာ့ဘူး။ သူ႔ဟာသူ ေပ်ာက္ေနတာေပါ့” ဟု အထက္ပါတာဝန္ရွိသူက ဆက္လက္ေျပာသည္။ သို႔ေသာ္ တပ္ၾကပ္သူရစိုးအား PDF အဖြဲ႕က ဖမ္းဆီးသြားျခင္းဟုတ္၊ မဟုတ္ကို အတိအက်မသိရ၍ အတည္မျပဳႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာဆိုထားသည္။

“အခုအခ်ိန္ကေတာ့ လုံၿခဳံေရးအဖြဲ႕အစည္းေတြျဖစ္တဲ့ တပ္တို႔၊ ရဲတို႔၊ အက်ဥ္းဦးစီးတို႔ဆိုတာ အၿမဲတမ္း တန္းစီတာကို။ လူ စစ္တဲ့အခါမွာ မရွိဘူးေလ။ မရွိေတာ့ ခြင့္မဲ့ပ်က္ကြက္ေၾကညာလိုက္တာေပါ့” ဟု တနသၤာရီတိုင္းအစိုးရအဖြဲ႕မွ တာဝန္ရွိသူက ေျပာသည္။

(၉)မိုင္အက်ဥ္းေထာင္မွ တပ္ၾကပ္သူရစိုးအား PDF အဖြဲ႕မွ ဖမ္းဆီးသြားျခင္းျဖစ္ ေၾကာင္း လုံၿခဳံေရးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္မ်ားက NP News ကို အတည္ျပဳေျပာဆိုထားၿပီး ၎မွာ ကားႏွင့္ထြက္ေျပးစဥ္အခ်ိန္ ပုေလာၿမိဳ႕နယ္၊ သကၤန္းေတာေက်း႐ြာ၌ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း ေျပာဆိုထားသည္။

လက္ရွိတြင္ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၌ အက်ဥ္းဦးစီးဌာန ယူနီေဖာင္းဝတ္ဆင္ထားသူအား (၉)မိုင္အက်ဥ္းေထာင္မွ ဦးစီးမႉးသူရစိုးဟုဆိုကာ ျဖန႔္ေဝေနလ်က္ရွိၿပီး အမွန္တကယ္တြင္ ၎မွာ မေကြတိုင္း၌ တာဝန္က်ေနသူတစ္ဦးျဖစ္ေၾကာင္း သိရသည္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အာဖဂန် တာလီဘန်တို့က အမျိုးသမီး NGO ဝန်ထမ်းများကို တားမြစ်ပိတ်ပင်ထားပြန်

RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved