မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း(၇)မျိုးကို FDA Myanmar အသိပေးထုတ်ပြန်
ယွန်း (NSS) - မတ် ၂၅
မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း(၇)မျိုးကို FDA Myanmar က အသိပေးထုတ်ပြန်ထားသည်။
အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA Myanmar) က ယနေ့ (မတ်လ ၂၅ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
FDA Myanmar အနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ အလှကုန်ပစ္စည်း(၇)မျိုး၌ မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေသော တားမြစ်ဓါတုပစ္စည်းများပါဝင်နေသည်ကို တွေ့ရပြီး သုံးစွဲရန်မသင့်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါအလှကုန်ပစ္စည်းများတွင် YCID REFINED CHEMICAL INDUSTRIA CO.,LTD မှ ထုတ်လုပ်သည့် Y-CID/DIAMOND METEOR Eye Shadow Ball 03 5g အပါအဝင် အခြားထိုင်းဘာသာ၊ တရုတ်ဘာသာများဖြင့် ဖော်ပြထားသည့် အလှကုန်များလည်းပါဝင်ကြောင်း သိရသည်။
တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း အပါအဝင် ရောင်ရမ်းခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များ သည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန် FDA Myanmar ကထုတ်ပြန်ထားသည်။
လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ်(၃)(ဃ)အရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ မတ် ၂၅ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ