မော်စကိုမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူပေါင်း ၁၀၀ ကျော်ကို ကယ်တင်ပေးခဲ့တဲ့ လူငယ်ကို သူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြု
ဂျန်ဇက် (NSS) - မတ် ၂၅
မော်စကိုမြို့မှာပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုအတွင်း လူငယ်တစ်ဦးဟာ လူပေါင်း ၁၀၀ ကျော်ကိုဘေးကင်းလွတ်မြောက်အောင်ကူညီပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မော်စကိုမြို့ Crocus City ရှိ ဂီတပွဲတော်ကျင်းပရာခန်းမအတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက သေနတ်သမားအုပ်စုက အကြမ်းဖက်ဝင်ရောက်ပစ်ခတ်ခဲ့ရာ လူပေါင်း ၁၃၀ ကျော်သေဆုံးခဲ့ပြီး လူပေါင်း ၂၀၀ နီးပါးဒဏ်ရာရခဲ့ပါတယ်။ ဒါပေမဲ့ Crocus City မှာ အချိန်ပိုင်းအလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၅ နှစ်အရွယ်ရှိ လူငယ်တစ်ဦးဟာ ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း လူပေါင်း ၁၀၀ ကျော်ကို ဘေးကင်းလွတ်မြောက်အောင်ကူညီပေးနိုင်ခဲ့လို့ သူရဲကောင်းအဖြစ် ချီးကျုးဂုဏ်ပြုခံနေရကြောင်းသိရပါတယ်။
ပစ်ခတ်မှုဟာ ဂီတပွဲ မစတင်ခင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ခန်းမအတွင်း အနည်းဆုံးလူပေါင်း ၇၀၀၀ ကျော် ရှိနေကြောင်းသိရပါတယ်။ ဒါပေမဲ့ အသက် ၁၅နှစ်အရွယ်ရှိ ခါလီလောဗ့်အမည်ရှိ လူငယ်ဟာ ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း ကြောက်လန့် တကြားပြေးလွှားနေတဲ့လူတွေကို ဘေးကင်းစေဖို့ လမ်းပြပေးခဲ့သလို ကူညီကယ်တင်ပြီး လမ်းပြပေးတာ၊ ပုန်းကွယ်ဖို့ နေရာပေးတာတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားချိန်အတွင်း ခါလီလော့ဗ်ဟာ စိုးရိမ်ကြောက်ရွံ့မှုမရှိဘဲ လူပေါင်း ၁၀၀ ကျော်ဘေးကင်းအောင်လုပ်ဆောင်ပေးခဲ့တဲ့အတွက် သူရဲကောင်းအဖြစ်သတ်မှတ်ချီးကျူးခံနေရတာဖြစ်ကြောင်းသိရပါတယ်။
ဒါပေမဲ့ ၎င်းက မိမိကိုယ်ကိုယ်ကို သူရဲကောင်းအဖြစ် မခံယူကြောင်း၊ ကိုယ်အလုပ်ကိုအကောင်းဆုံးလုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောပါတယ်။ ရုရှား ရက်ပ်အဆိုတော်တစ်ဦးက ၎င်းဟာ စွန့်လွှတ်စွန့်စားလိုစိတ်အပြည့်နဲ့ ကူညီပေးခဲ့တဲ့ ခါလီလောဗ့်အတွက် ရုရှား ရူပီး (၁)သန်းပေးကာ ချီးကျူးဂုဏ်ပြုခဲ့ကြောင်းသိရပါတယ်။ ထို့ပြင် အခြားလူမူရေးအဖွဲ့စည်းတွေကလည်း ခါလီလောဗ့်ကို ရဲရင့်မှုတွေအတွက် ရွှေတံဆိပ်ဆုချီးမြှင့်ပေးသွားဖို့ စီစဉ်နေကြောင်းသိရပါတယ်။
မော်စကိုမြို့မှာဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး စွပ်စွဲချက်မျိုးစုံထွက်ပေါ်နေပြီး ရုရှားသမ္မတက ပါဝင်ဆက်နွယ်သူအားလုံးကို အပြစ်ပေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နျူကလီးယားဟန့်တားရေး နှင့် နျူကလီးယားစွမ်းအင်လုပ်ငန်းများတွင် ဒေါ်လာ ၂၅၂ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ယူကေဝန်ကြီးချုပ် ထုတ်ဖော်ပြောကြား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ