နျူကလီးယားဟန့်တားရေး နှင့် နျူကလီးယားစွမ်းအင်လုပ်ငန်းများတွင် ဒေါ်လာ ၂၅၂ သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ယူကေဝန်ကြီးချုပ် ထုတ်ဖော်ပြောကြား
ALynn (NSS) - မတ် ၂၅
ယူကေဝန်ကြီးချုပ် ရီရှီဆူနက်က နိုင်ငံ၏ နျူကလီးယားဟန့်တားရေး နှင့် ပြည်သူ့နျူကလီးယား စက်ရုံများအတွက် ပေါင် ၂၀၀ သန်း (ဒေါ်လာ ၂၅၂ သန်း) ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း မတ်လ ၂၅ ရက် (တနင်္လာနေ့) တွင် ကြေညာခဲ့သည်။
မတ်လ ၂၄ ရက်က ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ကြေညာချက်တွင်လည်း “ဝန်ကြီးချုပ်သည် အနာဂတ်တွင် နျူကလီးယားရေငုပ်သင်္ဘောတည်ဆောက်ရေးနှင့် နျူကလီးယားစွမ်းအင်စက်ရုံများ တည်ဆောက်ပြီး အလုပ် အကိုင် ၄၀,၀၀၀ ခန့် ဖန်တီးနိုင်ရန်အတွက်ရည်ရွယ်ပါကြောင်း” ပါရှိသည်။
၎င်းအစီအမံအောက်တွင် အစိုးရသည် အင်္ဂလန်မြောက်ပိုင်းမြို့ဖြစ်သည့် Barrow-in-Furness တွင် အလုပ်အကိုင် များ ဖန်တီးပေးပြီး ကုန်သွယ်ရေးလမ်းကြောင်းများနှင့် အဆောက်အဦများ ပိုမိုတည်ဆောက်သွားရန် ပါရှိသည်။
အစိုးရသည် BAE Systems၊ Rolls-Royce၊ EDF နှင့် Babcock အပါအဝင် စက်မှုလုပ်ငန်းနယ်ပယ်မှ လုပ်ငန်းရှင် များစွာနှင့် ပူးပေါင်းသွားမည်ဖြစ်ပြီး ကျွမ်းကျင်မှု၊ အလုပ်အကိုင်နှင့် စက်မှုနည်းပညာ အတွက် ၂၀၃၀ ပြည့်နှစ်တွင် အနည်းဆုံး ပေါင် ၇၆၃ သန်း (ဒေါ်လာ ၉၆၂ သန်း) ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ယူကေ၏ နျူကလီးယားလုပ်ငန်းသည် အစိုးရ၏ နျူကလီးယားစွမ်းအင်ရည်မှန်းချက်များကြောင့် "မကြုံစဖူး တိုးတက်မှုကာလ" ကို ကြုံတွေ့နေရပြီး ၂၀၃၀ ပြည့်နှစ်တွင် လုပ်သားအင်အား ၁၂၃,၀၀၀ လိုအပ်လာမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AUKUS လုံခြုံရေးသဘောတူညီချက်ကို ဖွဲ့စည်းပြီးနောက် ဗြိတိန် နှင့် အမေရိကန်တို့သည် ဩစတြေးလျအား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောပိုင်ဆိုင်နိုင်ရေး ကူညီပေးနေပြီး လာမည့်နှစ်များတွင်လည်း နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောလုပ်ငန်း ကြီးထွားလာရန် စီစဉ်ထားသည်။ ဝန်ကြီးချုပ်က “ပိုမိုအန္တရာယ်များပြီး အပြိုင်အဆိုင် ဖြစ်နေတဲ့ ကမ္ဘာမှာ ဗြိတိန်ပင်လယ်ပြင်မှာ နျူကလီးယားဟန့်တားရေးအစီအစဉ်က ယခင်ကထက် ပိုအရေးကြီးပါ တယ်” ဟု ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရစေရန် ချတ်အာဏာပိုင်များ ပိတ်ပင်တားမြစ်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ