သမ္မတရွေးကောက်ပွဲတွင် အတိုက်အခံများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရစေရန် ချတ်အာဏာပိုင်များ ပိတ်ပင်တားမြစ်
ALynn (NSS) - မတ် ၂၅
ချတ်အာဏာပိုင်များသည် ယခုနှစ်သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ၁၀ ဦးကို ဖယ်ရှားခဲ့ပြီး စစ်အစိုးရအတွက် အားကောင်းသော အတိုက်အခံ ၂ ဦးကိုလည်း ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရစေ ရန် ပိတ်ပင်ခဲ့သည်။
မတ်လ ၂၄ ရက် (တနင်္ဂနွေနေ့) က ချတ်ဖွဲ့စည်းပုံ အခြေခံဥပဒေကောင်စီက အတိုက်အခံခေါင်းဆောင်နှစ်ဦးဖြစ် သည့် Neguy Koursami နှင့် Rakhis Ahmat Saleh ကို ရွေးကောက်ပွဲတွင် ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကောင်စီ၏ ဖော်ပြချက်အရ ၎င်းကိုယ်စားလှယ်လောင်းနှစ်ဦး၏ လျှောက်လွှာများတွင် ပုံမှန်မဟုတ်သည့်အချက်အလက်များ ပါဝင်နေသည်ဟု သိရှိရသည်။
ထို့ပြင် ကောင်စီသည် ယာယီ သမ္မတ Mahamat Idriss Deby နှင့် မကြာသေးမီကမှ ခန့်အပ်ထားသည့် ဝန်ကြီးချုပ် Succes Masra တို့၏ လျှောက်လွှာများကို လက်ခံပြီးဖြစ်ကြောင်း သိရသည်။
ချတ်နိုင်ငံသည် သမ္မတရွေးကောက်ပွဲများကို မေလ ၆ ရက်တွင် ပထမအကျော့၊ ဇွန်လ ၂၂ ရက်တွင် ဒုတိယအကျော့ ကျင်းပသွားမည်ဖြစ်ပြီး ကနဦးရလဒ်များကို ဇူလိုင် ၁၇ ရက်တွင် သိရှိရမည်ဖြစ်သည်။ ယခုရွေးကောက်ပွဲသည် ချတ်၏ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီအကူးအပြောင်းသို့ ဦးတည်ခြင်းလည်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ်အတွင်း ဒေသတွင်း၌ အာဏာသိမ်းမှု ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီမိုကရေစီနောက်ပြန်ဆုတ်နေသည့် အရေးအပေါ် စိုးရိမ်နေကြသည်။ ချတ်နိုင်ငံ၏ သမိုင်း၌ ယခု သမ္မတရွေးကောက်ပွဲသည် သမ္မတနှင့် ဝန်ကြီးချုပ်တို့အကြား ပထမဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံမှုလည်းဖြစ်သည်။ ယာယီသမ္မတ Deby သည် သူပုန်များနှင့် ပဋိပက္ခအတွင်း ၎င်း၏ ဖခင်သမ္မတသေဆုံးပြီးနောက် ၂၀၂၁ ခုနှစ်တွင် အာဏာရယူခဲ့ကာ ၁၈ လအကြာတွင် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
သို့သော် ၎င်း၏အစိုးရသည် ရွေးကောက်ပွဲများကို ၂၀၂၄ ခုနှစ်အထိ ရွှေ့ဆိုင်းခဲ့ပြီး ၎င်းက သမ္မတအဖြစ်လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်များကြောင့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ကာ လုံခြုံရေးတပ်ဖွဲ့များ ကပင် နှိမ်နင်းယူရသည်အထိဖြစ်ခဲ့သည်။
၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာက ချတ်ပြည်သူများသည် ဝေဖန်သူများ၏ အဆိုအရ သမ္မတ Deby အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်မည့်အခွင့်အရေးများ ပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ထောက်ခံမဲပေးခဲ့ကြ ကြောင်း သိရသည်။
Masra သည် ချတ်စစ်ခေါင်းဆောင်များအတွက် အားကြီးသောအတိုက်အခံဖြစ်ခဲ့သည်။ သို့သော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာတွင် မြို့တော် N’Djamena ၌ ဆန္ဒပြသူများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက နှိမ်နင်းခဲ့ရာ ဒါဇင်နှင့်ချီ သေဆုံးခဲ့ချိန်တွင် Masra သည် နိုင်ငံတွင်းမှ ထွက်ပြေးခဲ့ရသည်။ ထို့နောက် နိုဝင်ဘာလတွင် ၎င်းအား နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ရန် အာမခံချက်ပေးသည့် ပြန်လည်သင့်မြတ်ရေးစာချုပ်ချုပ်ဆိုပြီးချိန်မှသာ နိုင်ငံထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
နောက်ထပ်အတိုက်အခံတစ်ဦးဖြစ်သည့် Wakit Tamma ကလည်း မတ်လ ၂၃ ရက် (စနေနေ့) တွင် သမ္မတ ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် လှုံ့ဆော်ခဲ့ပြီး ယင်းရွေးကောက်ပွဲသည် အစဉ်အဆက် အာဏာရှင်စနစ်ကို အားပေးရာရောက်ကြောင်း ရှုတ်ချခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မှတ်ပုံတင်ထားခြင်းမရှိသည့်အပြင် သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်း(၇)မျိုးကို FDA Myanmar အသိပေးထုတ်ပြန်
RELATED POSTS
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
07 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ