မန္တလေးမြို့ရှိ KBZ ဘဏ်ခွဲတစ်ခုကို အမျိုးသား(၃)ဦးက ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်း(၂၀၀၀)ကျော် ယူဆောင်သွား
သန့်ဇင်(NSS) - မတ် ၂၅
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ KBZ ဘဏ်ခွဲတစ်ခုကို အမျိုးသား(၃)ဦးက ဓားပြဝင်တိုက်ပြီး ငွေကျပ်သိန်း(၂၀၀၀)ကျော် ယူဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ချမ်းအေးသာစံမြို့နယ်၊ ၇၄ လမ်းနှင့် ၃၂လမ်းရှိ KBZ(မောရဂီဝါ)ဘဏ်ခွဲတွင် ယနေ့(မတ်လ ၂၅ ရက်)၊ နံနက် ၁၁နာရီ ၁၈မိနစအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘဏ်အတွင်းသို့ သေနတ်နှင့် ပုဆိန်ကိုင်ဆောင်ထားသူ အမျိုးသား(၃)ဦးက ဝင်ရောက်ကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မန္တလေးမြို့ရဲ့အလယ်လောက်မှာ အချက်အချာကျတဲ့နေရာကြီးကိုဝင်တိုက်သွားတာ။ KBZ ဘဏ်ခွဲကိုဝင်တိုက်တာ။ လူ(၃)ယောက်လို့ သိရပြီး ဆိုင်ကယ်ရုပ်ဆိုးဘီး(၂)စီးနဲ့လာပြီး ဘဏ်ထဲဝင်တိုက်တာလို့သိရတယ်။ လက်ထဲမှာ သေနတ်တွေလည်းပါတယ်လို့သိတယ်။ လက်ရှိသိရသလောက်တော့ သိန်း(၂၀၀၀)ကျော်လောက် ပါသွားတယ်”ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ဘဏ်ဓားပြတိုက်ခံရမှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ဘဏ်ရှိငွေကျပ်သိန်း(၂၀၀၀)ခန့် လုယက်ယူဆောင်ခံခဲ့ရကြောင်း သိရသည်။ “လူတွေဘာတွေထိခိုက်တယ်လို့တော့ မကြားမိဘူး။ လက်ရှိတော့ လုံခြုံရေးတင်းကြပ်ပြီး တစ်မြို့လုံးပိတ်ဆို့ပြီး စစ်ဆေးနေတာတွေ့တယ်”ဟု ၎င်းကဆက်ပြောသည်။
နစကအစိုးရအာဏာရယူခဲ့သည့် (၃)နှစ်ကျော်ကာလ၌ နိုင်ငံတစ်ဝန်းလုံးတွင် ဘဏ်အတွင်းဝင်ရောက်ဓားပြတိုက်ခံရမှုဖြစ်စဥ်ပေါင်း (၂၇)ခုအထိ ရှိလာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မော်စကိုမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုအတွင်း လူပေါင်း ၁၀၀ ကျော်ကို ကယ်တင်ပေးခဲ့တဲ့ လူငယ်ကို သူရဲကောင်းအဖြစ် ချီးကျူးဂုဏ်ပြု
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း