ကင်ဆာရောဂါခံစားနေရသည့် ဝေလမင်းသမီး Kate Middleton
ALynn (NSS) - မတ် ၂၃
ဝေလမင်းသမီး Kate Middleton က သူမသည် ဇန်နဝါရီလအတွင်းက ဝမ်းဗိုက်ခွဲစိတ် ကုသမှုခံယူပြီးနောက် ယခုအခါကင်ဆာကုသမှုခံယူနေရကြောင်း မတ် ၂၂ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။
မတ်လ ၂၀ ရက်က ရိုက်ကူးထားသော ဗီဒီယိုမှတ်တမ်းကို သောကြာနေ့မှာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ Kate ၏ ဗီဒီယိုသတင်းစကားတွင် သူမသည် ခွဲစိတ်မှုခံယူပြီးနောက် ကင်ဆာရောဂါ (အမျိုးအမည်မဖော်ပြထားသော) ခံစားနေရကြောင်းသိရှိခဲ့ပြီး သူမ၏ ကုသမှုအတွက် ကိုယ်ပိုင်သီးသန့်အချိန်နှင့် နေရာလို အပ်ပြီး သူမသည်တစ်နေ့တစ်နေ့ ပြန်လည်ကောင်းမွန်ရေးလှုပ်ရှားမှုများကိုဆောင်ရွက်လျက်ရှိကာ ကျန်းကျန်းမာမာရှိနေပါကြောင်း ဖော်ပြထားသည်။
ထီးနန်းအုပ်စိုးနေသည်မှာ ၁၇ လကြာပြီဖြစ်သော ချားလ်စ်ဘုရင်သည် ၎င်း၏ချွေးမဖြစ်သူ Kate အနေဖြင့် ယခုလို သူမ၏ အခြေ အနေများကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ရဲသည့် သတ္တိများကို ချီးကျူးခဲ့သည်။ Kate ၏ အစ်ကိုဖြစ်သူ James Middleton ကလည်း ဆိုရှယ်မီဒီယာတွင် ၎င်းတို့ မောင်နှမဓာတ်ပုံများကို ဝေမျှပြီး “ငါတို့တွေက အခက်အခဲများစွာကို အတူတကွ ကျော်ဖြတ်ဖူးတာပဲ။ ဒီတစ်ခါလည်း မိသားစုနဲ့အတူ ကျော်ဖြတ်ကြတာပေါ့”ဟု ရေးသားထားသည်။
မင်းသား Harry နှင့် ၎င်း၏ ကြင်ယာတော် Meghan Markle တို့ကလည်း “Kate အမြန်ဆုံးနေကောင်း ကျန်းမာလာဖို့ဆုတောင်းနေပြီး အေးအေးချမ်းချမ်းကျော်ဖြတ်သွားနိုင်မယ်လို့ မျှော်လင့်ပါ ကြောင်း” သတင်းစကားထုတ်ပြန်ခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak ကလည်း “ဝေလ မင်းသမီးလေးသည် နိုင်ငံတစ်ဝန်းက ပို့သတဲ့ချစ်ခြင်းမေတ္တာတွေကြောင့် ပြန်လည်နေကောင်း ကျန်းမာလာမည်ဖြစ်ကြောင်း၊ သူမ၏ သတ္တိရှိရှိ ထုတ်ဖော်ပြောကြားခဲ့ခြင်းအပေါ်လည်း ချီးကျူး လေးစားကြောင်း၊ သူမ၏ ကျန်းမာရေးအခြေအနေကြောင့် တတ်နိုင်သမျှ ကိုယ်ပိုင်သီးသန့်အချိန် များဖြင့် ကုစားနိုင်ရန် ဝိုင်းဝန်းဖေးမပေးစေလိုကြောင်း” ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း “သူမ၏ သတင်းအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိကြောင်း” အိမ်ဖြူတော်က သတင်းစကားထုတ်ပြန်ခဲ့သည်။
Kate သည် ၂၀၂၃ ခုနှစ်၊ ခရစ်စမတ်ကာလ ကတည်းက လူမြင် ကွင်းမှ ပျောက်ကွယ်သွားသည်မှာ ကြာမြင့်နေသည့်အတွက် ကောလာဟလများစွာလည်းထွက်ပေါ်ခဲ့သည်။ ထို့ကြောင့်လည်း ယခုကဲ့သို့ ဗီဒီယိုသတင်းစကားဖြင့် သူမ၏ အခြေအနေမှန်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းလည်းဖြစ်နိုင်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံရှိ ဖျော်ဖြေရေးစင်တာတစ်ခုကို ISIS အကြမ်းဖက်အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ(၁၀၀)နီးပါးသေဆုံး
RELATED POSTS
06 Sep 2024 | ကျန်းမာရေး,နိုင်ငံတကာ
31 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ
27 Aug 2024 | ကျန်းမာရေး,ပြည်တွင်း
26 Aug 2024 | ကျန်းမာရေး,နိုင်ငံတကာ