ဂျပန်ကမ်းလွန်ပင်လယ်ပြင်တွင် တောင်ကိုရီးယားဓါတုပစ္စည်းတင်သင်္ဘောတိမ်းမှောက်ခဲ့ပြီး လူ(၈)ဦးသေဆုံး
Pika (NSS) - မတ် ၂၁
ဂျပန်ကမ်းလွန်ပင်လယ်ပြင်တွင် မတ်လ(၂၀)ရက်က တောင်ကိုရီးယားအလံလွှင့်တင်ထားသော ဓါတုပစ္စည်းတင်သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံးလူ(၈)ဦးသေဆုံးခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။
ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက 'သူတို့တွေ အား လုံးဟာ ဆေးရုံမှာ သေဆုံးသွားခဲ့ကြတာပါ။ အခြားလူတစ်ဦးကတော့ တည်ငြိမ်ကောင်းမွန်တဲ့ အခြေအနေမှာပဲ ရှိနေပါတယ်၊၊ ပြီးတော့ နောက် ထပ်လူနှစ်ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်'ဟု ပြောဆိုခဲ့သည်။
အဆိုပါသင်္ဘောပေါ်တွင် တောင်ကိုရီးယားနိုင်ငံသား(၂)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၈)ဦးနှင့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် စုစုပေါင်းလူ(၁၁)ဦး လိုက်ပါလာခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ ဓါတုပစ္စည်းတင်သင်္ဘောသည် acrylic acid တန်ချိန်(၉၈၀)တန်ကို သယ်ဆောင်လာခဲ့ခြင်းဖြစ်ပြီး အဆိုပါ acrylic acid များ သမုဒ္ဒရာအတွင်းသို့ ဖိတ်စင်သွားခြင်းရှိ/မရှိဆိုသည့် အချက်ကို လက်ရှိအချိန်အထိ ရှင်းရှင်းလင်း လင်းမသိရှိရသေးကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။ ဂျပန်ရုပ်သံလိုင်း NHK မှ တင်ထားသော ဗီဒီယိုဖိုင်တွင် အသက်ကယ်လှေတစ်စီးအပြင် တိမ်းမှောက်ကာ နစ်မြုပ်နေသော သင်္ဘော၏အနီရောင်ကိုယ်ထည်နှင့် ပျံသန်းနေသော ရဟတ်ယာဉ်တစ်စင်းကို တွေ့မြင်ခဲ့ရသည်။ ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကမ်းရိုးတန်းရှိ Mutsure ကျွန်းအနီးမှာ သင်္ဘောတိမ်းစောင်းသွားကြောင်း မတ်လ(၂၀)ရက်အစောပိုင်းတွင် ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကို သင်္ဘောအမှုထမ်းများက အကြောင်းကြားခဲ့ပြီး အကူအညီများတောင်းခံခဲ့ကြောင်း NHK ကပြောကြားခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး သင်္ဘောအော်ပရေတာက မှတ်ချက်ပေးရန် ငြင်း ဆန်ခဲ့ကြောင်းလည်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပုပ္ပါးတောင်အား အမျိုးသားအဆင့်ဘူမိဥယျာဥ်မှ ကမ္ဘာ့အဆင့်ဘူမိဥယျာဥ်အဖြစ် သတ်မှတ်နိုင်ရေး ဆက်လက်အကောင်အထည်ဖော်မည်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ