ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်(၃၂)စင်းကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်စစ်ဘက်ပြော
Pika (NSS) - မတ် ၂၁
ပြီးခဲ့သည့်(၂၄)နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ် (၃၂)စင်းကို ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ(၂၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါတွေ့ရှိမှုသည် ယခုနှစ်အတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်လေယာဉ်များ ပျံသန်းမှု၌လေယာဉ်အရေအတွက် ဒုတိယအများဆုံးဖြစ် ကြောင်းလည်း သိရသည်။ မတ်လ(၂၁)ရက်၊ နံနက်(၆)နာရီအချိန်အထိ ပြီးခဲ့သည့်(၂၄)နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်စစ်သင်္ဘော(၅)စီးကိုလည်း ခြေရာခံတွေ့ရှိခဲ့ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တရုတ်စစ်လေယာဉ်များထဲမှ (၁၃)စင်းသည် ထိုင်ဝမ်ရေ လက်ကြားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
ထိုင်ဝမ်စစ်တပ်သည် အခြေအနေများကို ဆက်လက်စောင့်ကြည့်ခဲ့ပြီး လက်တုံ့ပြန်မှုများလုပ်ဆောင်ရန်အတွက် ကင်းလှည့်လေယာဉ်များ၊ ရေတပ်သင်္ဘောများ နှင့် ကမ်းရိုးတန်းဒုံးကျည်စနစ်များကို အသင့်အနေအထားဖြင့် ပြင်ထားခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းနှင့် ဖေဖော် ဝါရီလအစောပိုင်းတွင် (၂၄)နာရီကာလအပိုင်းအခြား နှစ်ခုအတွင်း တရုတ်စစ်လေယာဉ်(၃၃)စင်းကို ခြေရာခံတွေ့ရှိခဲ့ကြောင်းသိရသည်။ ယင်းတွေ့ရှိမှုသည် ယခုနှစ်အတွင်း တရုတ်၏စစ်လေယာဉ်ပျံသန်းမှုတွင် ပါဝင်သည့်လေယာဉ်အရေအတွက် အများဆုံးဖြစ်ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်လတွင် ထိုင်ဝမ်နှင့်တရုတ်နိုင်ငံကြား လူအသေအပျောက်ရှိခဲ့သည့် ငါးဖမ်သင်္ဘောမတော်တဆမှုဖြစ်ပွားပြီးနောက် ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ်ရေတပ်သင်္ဘော(၁၁)စီးကို ခြေရာခံတွေ့ရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် ရပ်ထားသည့်တွဲကားကို ဆိုင်ကယ်ဖြင့်ဝင်တိုက်မိ၍ တစ်ဦးပွဲချင်းပြီးသေဆုံး
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ