Ed Sheeran ရဲ့ မွန်ဘိုင်းဖျော်ဖြေပွဲမှာ အမျိုးသားတစ်ဦး တီရှပ်ပေါ်မှာ dating acc QR ကုဒ်ရိုက်နှိပ်ပြီး ရည်းစား ရှာရင်း ပွဲတက်
ရောင်နီ (NSS) - မတ် ၂၁
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်က မွန်ဘိုင်းရှိ Mahalaxmi Racecourse မှာ ပြုလုပ်တဲ့ Ed Sheeran ရဲ့ဖျော်ဖြေပွဲမှာ အမျိုးသားတစ်ဦးဟာ Single ဖြစ်ကြောက်း စာသားနဲ့ထူးခြားတဲ့ QR ကုဒ် ရိုက်နှိပ်ထားတဲ့တီရှပ်ကို ဝတ်ဆင်ကာ ပွဲတက်ခဲ့ပါတယ်။
အဲဒီ QR ကုဒ်ဟာ စကမ်ဖတ်လိုက်တာနဲ့ သူ့ရဲ့ Tinder dating acc ဆီကို ချက်ချင်းရောက်ရှိသွားမှာဖြစ်ပါတယ်။ အဆိုပါအမျိုးသားက ဒီနည်းလမ်းနဲ့ သူ့ရဲ့ ဘဝလက်တွဲဖော် ကို ရှာနေခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ဆန်းသစ်တဲ့ ဖန်တီးမှု ကြောင့် ဒီအခိုက်အတံ့ဟာ လူစိတ်ဝင်စားမှုများခဲ့ပြီး X app မှာ လူပြောများခဲ့ပါတယ်။ တချို့ဆိုရင် single သူငယ်ချင်းတွေကို mention ခေါ်ပြီး ဒီလိုအစွံထုတ်ဖို့ အကြံပေးခဲ့ကြတာတွေ့ရပါတယ်။ အဆိုပါအမျိုးသားရဲ့ နာမည်ကတော့ ဟာဒစ်ခ်ဖြစ်ပြီး ဖျော်ဖြေပွဲအတွင်း QR ကုဒ် တီရှပ်အင်္ကျီနဲ့ လှည်လည်လျှောက်သွားခဲ့တယ်လို့ သိရပါတယ်။
Tinder ဟာ ကမ္ဘာတစ်ဝန်း လူတော်တော်များများ အသုံးပြုကြတဲ့ dating app တစ်ခုဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားမှာ နိုင်ငံခြားသားအမျိုးသားတစ်ဦးက လိမ္မော်ရည်သောက်ရင်း လုပ်ဖော်ကိုင်ဖက်ကို ဓားနဲ့ထိုးသတ်
RELATED POSTS
17 Sep 2024 | အနုပညာ,နိုင်ငံတကာ
13 Sep 2024 | အနုပညာ,နိုင်ငံတကာ
04 Sep 2024 | အနုပညာ,နိုင်ငံတကာ