ရုရှားသမ္မတပူတင် ရွေးကောက်ပွဲအနိုင်ရမှုကို ချီးကျူးဂုဏ်ပြုမှာ မဟုတ်ကြောင်း ဂျာမနီအစိုးရပြော
ဂျန်ဇက် (NSS) - မတ် ၁၉
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ရုရှားသမ္မတရွေးကောက်ပွဲအတွင်း သမ္မတပူတင် အနိုင်ရခဲ့ခြင်းအပေါ် ဂုဏ်ပြုသွားမှာမဟုတ်ကြောင်း ဂျာမနီအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
ရုရှားသမ္မတပူတင် အနိုင်ရခြင်းကို အခြားနိုင်ငံခေါင်းဆောင်တွေ ဂုဏ်ပြုစကားပေးပို့နေပေမယ့် ဂျာမနီအဓိပတိ အော့လက်ရှိုးလ်ကတော့ ချီးကျူးဂုဏ်ပြုသွားမှာ မဟုတ်ကြောင်း ဂျာမနီအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ရုရှားသမ္မတပူတင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလိက ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆန္ဒမဲစုစုပေါင်းရဲ့ ၇၈ ရာခိုင်နှုန်းရရှိခဲ့ကြောင်း၊ ဒီနှစ်ရွေးကောက်ပွဲမှာ မဲလာပေးသူ အရေအတွက်က ရုရှားနိုင်ငံ သမိုင်းမှာ စံချိန်တင်ဖြစ်ခဲ့ပြီး ၇၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။
ဂျာမနီအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခရစ်တီယမ်ဟောမန်က "ရုရှားသမ္မတရွေးကောက်ပွဲဟာ ဒီမိုကရက်တစ် ရွေးကောက်ပွဲမျိုး မဟုတ်ဘူး။ စစ်မှန်တဲ့ အတိုက်ခံကိုယ်စားလှယ်လောင်းတွေကို ပါဝင်ယှဉ်ပြိုင်ခွင့် မပြုဘူး။ ပူတင်ဟာ အာဏာရှင်ပုံစံမျိုးအတိုင်းအုပ်ချုပ်နေပြီး နိုင်ငံက အာဏာရှင်အုပ်ချုပ်ခံနေရတဲ့နိုင်ငံဖြစ်တယ်" လို့ ပြောပါတယ်။
ရုရှားသမ္မတရွေးကောက်ပွဲကို ကိုယ်စားလှယ်လောင်း ၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပူတင်မှ လွဲပြီး အခြားသုံးဦးက ပါတီကိုယ်စားပြုနိုင်ငံရေးသမားတွေဖြစ်ကြောင်း သိရပါတယ်။ ဂျာမနီအစိုးရက ရုရှားသမ္မတရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိကြောင်း၊ ရုရှားပြည်သူတွေဟာ လွတ်လပ်စွာပြောရေးဆိုခွင့်မရခဲ့ကြောင်း၊ ဒီအချက်တွေ ကြောင့် ဂျာမနီအဓိပတိဟာ ရုရှားသမ္မတပူတင်ကို ဂုဏ်ပြုစကားပြောဆိုမှာ မဟုတ်ကြောင်း ပြောပါတယ်။
ရုရှားသမ္မတပူတင်က ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေဟာ ကြိုတင်ခန့်မှန်းထားတဲ့ အတိုင်း ပြောဆိုခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားသမ္မတ ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်ထားပြီး လွှတ်လပ်မျှတမှုမရှိကြောင်း ဝေဖန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သင်္ဘောသားလောကတွင် လက်မှတ်အတုဖြင့် ထွက်သူများသကဲ့သို့ အလိမ်ခံရသည့်ဖြစ်စဉ်လည်း များပြားနေ
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ