ရေးမြို့နယ်တွင် လက်ပြန်ကြိုးတုတ်ခံရပြီး လည်ပင်း၌ ဓားဒဏ်ရာဖြင့် သတ်ဖြတ်ခံထားရသည့် အလောင်းတစ်လောင်းတွေ့ရှိ
သန့်ဇင် (NSS) - မတ် ၁၈
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လက်ပြန်ကြိုးတုတ်ခံရပြီး လည်ပင်း၌ ဓားဒဏ်ရာဖြင့် သတ်ဖြတ်ခံထားရသည့် အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယမန်နေ့(မတ်လ ၁၇ ရက်)၊ နံနက် ၇နာရီခွဲအချိန်ခန့်တွင် ရေးမြို့နယ်၊ ကြိုးတံတားကျေးရွာ နှင့် စံပြကျေးရွာအကြား၊ သံဖြူဇရပ်-ရေးကားလမ်းမဘေး၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“စံပြကျေးရွာနားမှာတွေ့တဲ့ အမျိုးသားတစ်ဦးကတော့ အသက်ကြီးပိုင်းတစ်ယောက်ပေါ့။ ဓားနဲ့ခုတ်ခံရတာ။ ဘယ်လိုကြောင့် ဖြစ်တာလည်းတော့မသိဘူး။ လက်ကိုကြိုးနဲ့တုပ်ပြီးတော့ လည်ပင်းကိုဓားနဲ့အလှီးခံရတယ်လို့ပြောသံကြားတယ်”ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါသတ်ဖြတ်ခံထားရသည့် အမျိုးသားမှာ အသက်(၆၀)နှစ်ဝန်းကျင်အရွယ်ခန့်ရှိပြီး လက်ပြန်ကြိုးတုတ်ခံထားရကာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာနှင့် ခန္ဓာကိုယ်တွင် ထိုးသွင်းဒဏ်ရာတို့ဖြင့် သေဆုံးနေခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။ ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ရေးမြို့နယ်၊ လမိုင်းဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
အလားတူ အဆိုပါနေ့တွင် ရေးမြို့နယ်၊ ကြိုးတံတားအနီး၌ အသက်ကြီးပိုင်းအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရကြောင်း အထက်ပါသတင်းအရင်းအမြစ်က ထပ်မံပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း ရေတပ်သုံးဒရုန်းတွေကိုဖျက်ဆီးနိုင်အောင် ပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ ရုရှားစစ်ဘက် အမိန့်ပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ