ယူကရိန်း ရေတပ်သုံးဒရုန်းတွေကိုဖျက်ဆီးနိုင်အောင် ပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ ရုရှားစစ်ဘက် အမိန့်ပေး
ဂျန်ဇက် (NSS) - မတ် ၁၈
ရုရှားစစ်တပ်ဟာ ယူကရိန်းရေတပ်သုံးဒရုန်းတွေရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်နိုင်ဖို့အတွက် လေ့ကျင့်မှုများနဲ့ ပစ်ခတ်မှုများ ပိုမိုလုပ်ဆောင်နိုင်အောင် ညွှန်ကြားလိုက်ကြောင်း သိရပါတယ်။
ယူကရိန်းဟာ ရုရှားစစ်သင်္ဘောတွေကို ရေတပ်သုံးဒရုန်းတွေ၊ တိုက်ခိုက်ရေးဒရုန်းတွေ အသုံးပြုတိုက်ခိုက်လာခဲ့ပြီး နောက် ရုရှားစစ်တပ်က အခုလိုမျိုးသတိပေးပြောဆိုခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးက" မောင်းသူမဲ့ လှေတွေ၊ လေကြောင်းက ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ လေ့ကျင့်မှုတွေကို အရှိန်မြင့် နေ့တိုင်းလုပ်ဆောင်ရမယ်။ ရန်သူတွေရဲ့ဒရုန်းတွေကို ပစ်ချနိုင်ဖို့ ကြီးမားတဲ့ စစ်အမြှောက်သေနတ် တွေကို ပိုမိုတပ်ဆင်အသုံးပြုရမယ်" လို့ ပြောပါတယ်။
ယူကရိန်းစစ်တပ်က ၎င်းတို့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုရှားစစ်သင်္ဘောအစင်းပေါင်း ၂ ဒါဇင်ကျော်ကို ဖျက်ဆီး နိုင်ခဲ့ကြောင်း ပြောပါတယ်။ ယူကရိန်းရဲ့တိုက်ခိုက်ခံရမှုတွေကြောင့် ရုရှားဟာ ခရိုင်းမီးယားဒေသရှိ ဆီဗက်တိုပို ဆိပ်ကမ်းက စစ်သင်္ဘောတွေကို အခြားနေရာကိုရွှေ့ပြောင်းတာတွေ လုပ်ဆောင်ခဲ့ရကြောင်း သိရပါတယ်။ ယူကရိန်းအစိုးရတာဝန်ရှိသူများက ပင်လယ်နက်ဒေသမှာ ၎င်းတို့ရဲ့တိုက်ခိုက်မှုတွေအောင်မြင်ခဲ့ကြောင်း ပြောပါ တယ်။ ဒရုန်းတွေဟာ ရုရှားစစ်သင်္ဘောတွေထားရှိတဲ့နေရာတွေကို ဝေဟင်ကနေ ဗုံးများကြဲချကာ တိုက်ခိုက်ခြင်း များ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းဟာ သိမ်းပိုက်ခံထားရတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင် ဖို့ ကြိုးပမ်းနေရာ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေထံက စစ်ရေးအကူအညီများ တောင်းခံနေ ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသမ္မတက သမိုင်းမှာအကောင်းဆုံး “Salesmen” တစ်ဦးဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဝေဖန်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း