ယူကရိန်းသမ္မတက သမိုင်းမှာအကောင်းဆုံး “Salesmen” တစ်ဦးဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဝေဖန်
ဂျန်ဇက် (NSS) - မတ် ၁၈
ယူကရိန်းသမ္မတဇီလန်စကီးဟာ တွေ့မြင်ခဲ့ဖူးသမျှလူတွေထဲမှာ အကောင်းဆုံး “Salesmen” တစ်ဦးဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ဇီလန်စကီးဟာ အမေရိကန်နိုင်ငံကို လာရောက်လည်ပတ်ချိန်အတွင်း အမေရိကန်အစိုးရထံကနေ ငွေကြေးအများအပြား ရယူနိုင်အောင် ကြိုးပမ်းနိုင်ခဲ့သူဖြစ်ကြောင်း ပြောပါတယ်။ အမေရိကန်အစိုးရအနေနဲ့ ယူကရိန်းကို စစ်ရေးအကူအညီပေးရာမှာ ငွေကြးတွေကိုပေးတာမျိုးမဟုတ်ဘဲ ချေးငှား တာမျိုးဖြစ်သင့်ကြောင်း သမ္မတဟောင်းဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဒေါ်နယ်ထရမ့်က "ကျွန်တော်တို့ဟာ ငွေကြေးတွေကို ချေးငှားသင့်တယ်။ ငွေကြေးတွေကို ပေးတာမျိုး မဖြစ်သင့်ဘူး။ ငွေကြေးတွေကို ပေးတာမျိုး မဟုတ်ဘဲ ချေးငှားတာမျိုးဆိုရင် နိုင်ငံအတွက် အဆင်ပြေနိုင်ဖွယ် ရှိပါတယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ဒေါ်နယ်ထရမ့်က "ဇီလန်စကီးဟာ သမိုင်းမှာ အကောင်းဆုံး Salesmen တစ်ဦးဖြစ်တယ်။ ဇီလန်စကီးဟာ သူ့နိုင်ငံအတွက် အမေရိကန်ဒေါ်လာ ၆ဝ ဘီလျံကျော် ရယူနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ကျွန်တော်အနေနဲ့ ဒီလိုမျိုးလုပ်ဆောင်နိုင်သူကို မတွေ့မြင့်ဘူး။ ဇိလန်စကီးဟာ ကျွန်တော်ထက် ပိုမို salesmen ဖြစ်သူတစ်ဦးဖြစ် တယ်" လို့ ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းတည်းက ယူကရိန်းသမ္မတဇီလန်စကီးဟာ စစ်ရေးအကူအညီတွေ ရယူနိုင်အောင် အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံတွေကနေ စစ်လက်နက်ပစ္စည်းတွေ အကူအညီ တောင်းခံခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတဟောင်းက နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့လုပ်ရပ်တွေကို လှောင်ပြောင်နေကြကြောင်း ထပ်မံသတိပေးခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရမ်ဇမ်ဥပုသ်လအတွင်း ဝတ်ပြုဆုတောင်းသည့်ကျောင်းသားများကို အဆောင်ထဲထိ ဝင်ရောက်တိုက်ခိုက်မှု အိန္ဒိယတွင် ဖြစ်ပွား
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း