တာချီလိတ်မြို့တွင် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်သိန်း(၅၅၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင် (NSS) - မတ် ၁၈
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်သိန်း (၅၅၀၀)ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ယမန်နေ့(မတ်လ ၁၇ ရက်)၊ ညနေ ၅နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ကားဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ပို့ဆောင်သူ သီဟစိုး(၃၃)နှစ်နှင့် စိုင်းဝန်းကျောက်(၃၄)နှစ်တို့ကို စစ်ဆေးရှာဖွေခဲ့ရာ ၎င်းတို့ (၂)ဦး သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာအတွင်းမှ ငွေကျပ်(၅၄၁၂)သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၄ဒသမ ၉၂ကီလိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါနေ့ ညနေ ၆ နာရီခွဲအချိန်တွင် စိုင်းဝန်းကျောက်နေထိုင်သည့် တာချီလိတ်မြို့၊ ဝမ်ကောင်း ရပ်ကွက်ရှိ နေအိမ်အတွင်းမှ ငွေကျပ် ၈၈သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး(Happy Water) ၈၀ ဂရမ်နှင့် ငွေကျပ် ၃ဒသမ ၄သိန်း တန်ဖိုးရှိ ကက်တမင်းအလေးချိန် ၄၀ ဂရမ်ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လောင်းကစားမှုများတွင် မပါဝင်ကြရန် စင်ကာပူရှိ ၎င်း၏ နိုင်ငံသားများကို တရုတ်သံရုံး တိုက်တွန်း
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ