လောင်းကစားမှုများတွင် မပါဝင်ကြရန် စင်ကာပူရှိ ၎င်း၏ နိုင်ငံသားများကို တရုတ်သံရုံး တိုက်တွန်း
Pika (NSS) - မတ် ၁၈
စင်ကာပူနိုင်ငံရှိ တရုတ်နိုင်ငံသားများအနေဖြင့် လောင်းကစားမှုများတွင် မပါဝင်ကြရန် တရုတ်သံရုံးက မတ်လ(၁၈)ရက်တွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် နယ်စပ်ဖြတ်ကျော် လောင်းကစားမှုများသည် တရုတ်ဥပဒေများကို ချိုးဖောက်ကြောင်း စင်ကာပူရှိ တရုတ်သံရုံးက ပြောကြားခဲ့သည်။ တရုတ်သံရုံးက “စင်ကာပူနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို ဥပဒေအရ တင်းကြပ်စွာတားမြစ်ထားတဲ့လောင်းကစားမှုတွေမှာ မပါဝင်ကြဖို့ သတိပေးထားပါတယ်။ နိုင်ငံရပ်ခြား ကာစီနို လောင်းကစားရုံတွေက တရားဝင်ဖွင့်ထားရင်တောင် တရုတ်နိုင်ငံသားတွေက ကျွန်တော်တို့ရဲ့ဥပဒေကို ချိုးဖောက် ပြီး နယ်စပ်ဖြတ်ကျော်လောင်းကစားမှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် ဒဏ်ခတ်အရေးယူမှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ တရားမဝင်လောင်းကစား ချိုးဖောက်မှုတွေအတွက် ကောင်စစ်ဝန်ရုံးက အကာအကွယ်ပေးမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။
လောင်းကစားလုပ်သူများအနေဖြင့် အကြွေးတင်ခြင်းအပြင် ၎င်းတို့၏ မိသားစုများအပေါ် ထိခိုက်မှုများ ရှိလာနိုင် သည့်အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း တရုတ်သံရုံးက သတိပေးပြောခဲ့သည်။ ထို့အပြင် နယ်စပ် ဖြတ်ကျော် လောင်းကစားမှုများသည် လိမ်လည်လှည့်ဖြားမှုများ၊ ငွေကြေးခဝါချမှု၊ ပြန်ပေးဆွဲမှုနှင့် မှောင်ခိုကူးမှု စသည့် တရားမဝင်လုပ်ငန်းများနှင့်လည်း ဆက်စပ်နေနိုင်ဖွယ်ရှိကြောင်း တရုတ်သံရုံးက ထပ်မံသတိပေးပြောခဲ့ သည်။ နိုင်ငံရပ်ခြားတွင် ကာစီနိုလောင်းကစားရုံများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို သိရှိသူများ (သို့မဟုတ်) လောင်းကစားမှုများတွင် ပါဝင်ရန်အတွက် ချဉ်းကပ်ခံရသည့် တရုတ်နိုင်ငံသားများအနေဖြင့် တရားဝင် အစီရင်ခံရေး ပလက်ဖောင်းများ (သို့မဟုတ်) စင်ကာပူရဲများမှတစ်ဆင့်် သတင်းပေးပို့ရန် တရုတ်သံရုံးက တိုက်တွန်းထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံမြို့နယ်တွင် ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း