သထုံမြို့နယ်တွင် ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံရ
Pearl (NSS) – မတ် ၁၈
သထုံမြို့နယ်တွင် ရထားတစ်စီး မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (မတ်လ ၁၈ ရက်)၊ နံနက် (၇)နာရီခွဲခန့်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအထွက် မိုင်တိုင်အမှတ် ၁၂၂/၂၃နှင့် ၁၂၃/၁ အကြားရှိ ပေါင်းကူးတံတားအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းဘူတာမှ ပဲခူးမြို့နယ်၊ ကလိကျေးရွာသို့ သွားရောက်မည့် တွဲဆိုင်း(၁၄)တွဲပါ မီးရထားသည် အဆိုပါ တံတားအနီးသို့ အရောက်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"ဒီနေ့မနက် (၇)နာရီကျော်က ဖြစ်တာ။ သဲဖြူကုန်းဘူတာကနေ ပဲခူး၊ ကလိဘက်ကို သွာတာ။ လူထိခိုက်တာတော့ မရှိဘူး" ဟု လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် နီးစပ်သူ တစ်ဦးက NSS ကို ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် တံတားဘယ်ဘက် အောက်ခံအုတ်ခုံဘောင်နှင့် ရထားလမ်း (၂၀)ပေခန့်ပျက်ဆီးခဲ့ပြီး ရထားသံလမ်းအဆက် ပြုတ်ထွက်ကာ တွဲဆိုင်း(၂)တွဲ လမ်းချော်၍ (၅)တွဲ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။အဆိုပါ ရထားသည် ကျောက်များတင်ဆောင်လာသည့် ရထားဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း (၄၉) ကြိမ်၊ ဘူတာအဆောက် အအုံ နှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်း ရေတပ်သုံးဒရုန်းတွေကိုဖျက်ဆီးနိုင်အောင် ပစ်ခတ်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ ရုရှားစစ်ဘက် အမိန့်ပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ