ဆိုမာလီပင်လယ်ဓားပြများ ပြန်ပေးဆွဲထားသည့် ကုန်တင်သင်္ဘောကို အိန္ဒိယရေတပ်ကြားဖြတ်ဟန့်တား
Pika (NSS) - မတ် ၁၆
အိန္ဒိယရေတပ်မှ စစ်သင်္ဘောတစ်စီးသည် ပြန်ပေးဆွဲခံထားရသော ကုန်တင်သင်္ဘော Ruen ကို ကြားဖြတ်ဟန့်တားခဲ့ပြီး သင်္ဘောပေါ်ရှိ ဆိုမာလီပင်လယ်ဓားပြများကို လက်နက်ချအညံ့ခံရန် တောင်းဆိုခဲ့ကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မတ်လ(၁၆)ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ(၁၄)ရက်တွင် Malta နိုင်ငံ အလံလွှင့်တင်ထားသော ကုန်တင်သင်္ဘော Ruen ကို ပြန်ပေးဆွဲခဲ့သည့် ဆိုမာလီပင်လယ်ဓါးပြများသည် မတ်လ(၁၅)ရက်က နိုင်ငံတကာရေပိုင်နက်တွင် အိန္ဒိယရေတပ်သင်္ဘောကို ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။သို့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ် အသေးစိတ်အချက်အလက်များကို ၎င်းကထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။
အိန္ဒိယရေတပ် စစ်သင်္ဘောသည် ဆိုမာလီပင်လယ်ဓါးပြများကို လက်နက်ချအညံ့ခံရန်၊ သင်္ဘောနှင့် ၎င်း၏အမှုထမ်းများကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။ ဆိုမာလီပင်လယ်ဓားပြများသည် ယခုသီတင်းပတ်အတွင်း ဆိုမာလီကမ်းရိုးတန်းရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလံတင် ကုန်တင်သင်္ဘောကို ထိန်းချုပ်နိုင်ရန်အတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ပြန်ပေးဆွဲခဲ့သည့် Malta နိုင်ငံ အလံလွှင့်တင်ထားသော ကုန်တင်သင်္ဘော Ruen ကိုအသုံးပြုခဲ့ကြောင်း ဥရောပသမဂ္ဂရေတပ်က မတ်လ(၁၄)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။ အိန္ဒိယရေ တပ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလမှစတင်ပြီး ကုန်တင်သင်္ဘောများကို ပြန်ပေးဆွဲမှု၊ ပြန်ပေးဆွဲရန် ကြိုးပမ်းမှု သို့မဟုတ် သံသယဖြစ်ဖွယ် ချဉ်းကပ်မှုဖြစ်စဉ် အနည်းဆုံး(၁၇)ခုကို မှတ်တမ်းတင်ခဲ့ကြောင်း အိန္ဒိယအစိုးရတာဝန်ရှိသူများကပြောကြားခဲ့သည်။ ပြီးခဲ့သည့်ဇန်နဝါရီလတွင် အိန္ဒိယအစိုးရသည် ပင်လယ်ဓါးပြများကို နှိမ်နှင်းရန်အတွက် ပင်လယ်နီအရှေ့ပိုင်းတွင် စစ်သင်္ဘောအနည်းဆုံး(၁)ဒါဇင်ခန့်ကို ဖြန့်ကျက်ချထားခဲ့ပြီး သင်္ဘောပေါင်း(၂၅၀)ကျော်ကို စုံစမ်းစစ်ဆေးမှုများ လုပ် ဆောင်ခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယား သရုပ်ဆောင် ရူးဂျွန်ရောလ်နဲ့ ဟန်ဆိုဟီး dating သတင်း အတည်ပြု
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ