Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အင်ဒိုနီးရှားကို ယူ ၂ဝ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပေးခြင်းကို ပြန်ရုတ်သိမ်းလိုက်ကြောင်း FIFA ကြေညာ

ဂျန်ဇက် (NP News) - မတ် ၃ဝ


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ဟာ အင်ဒိုနီးရှားနိုင်ငံကို ယူ ၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ဆုံးဖြတ်ထားမှုကို ပြန်ရုတ်သိမ်းလိုက်ကြောင်းသိရပါတယ်။


အင်ဒိုနီးရှားတာဝန်ရှိသူများဟာ ယူ ၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စရေးနိုင်ငံ ပါဝင်ယှဉ်ပြိုင်မှာကို ကန့်ကွက်ခဲ့ပြီးနောက် FIFA က အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ FIFA က " လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် အင်ဒိုနီးရှားကို ၂ဝ၂၃ ခုနှစ်အတွင်းကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းကို ပြန်ရုတ်သိမ်းလိုက်တယ်။ အိမ်ရှင်အသစ်အဖြစ်လက်ခံကျင်းပမယ့် နိုင်ငံအသစ်ကို မကြာမီကြေညာသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲကျင်းပမယ့် အချိန် နဲ့ရက်တွေကတော့ အပြောင်းအလဲရှိမှာ မဟုတ်ဘူး" လို့ပြောပါတယ်။


အင်ဒိုနီးရှားနိုင်ငံဟာ အဆိုပါ ယူ ၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် မြို့ပေါင်း (၆) မြို့မှာ လက်ခံကျင်းပဖို့ အစောပိုင်းက စီစဉ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာ ကျင်းပခွင့်ရမှာ မဟုတ်ကြောင်းသိရပါတယ်။ ယူ ၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို မေလ ၂ဝ ရက်ကနေ ဇွန်လ ၁၁ ရက်အထိကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြိုင်ပွဲကို အသင်းပေါင်း (၂၄)သင်းပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး အစ္စရေးနိုင်ငံက ပြိုင်ပွဲကိုပါဝင်ယှဉ်ပြိုင်ဖို့ ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်ထားတဲ့ အသင်းဖြစ်ပါတယ်။


အင်ဒိုနီးရှားဟာ ကမ္ဘာ့နိုင်ငံတွေထဲ မွတ်စလင်အများဆုံးရှိနေတဲ့နိုင်ငံဖြစ်ကာ လူဦးရေ သန်းပေါင်း ၂၇ဝ ကျော်ရှိပြီး ဘောလုံးအားကစားနည်းက အင်ဒိုနီးရှားမှာလူကြိုက်များတဲ့ကစားနည်းဖြစ်ပါတယ်။ အင်ဒိုနီးရှားဟာ အစ္စရေးနဲ့ အငြင်းပွားမှုများ၊ ပဋိပက္ခများဖြစ်ပွားနေတဲ့ ပါလက်စတိုင်းကို ထောက်ခံ အားပေးပြီး အစ္စရေးနဲ့တရားဝင် သံတမန်ဆက်ဆံရေး မရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ 


ဘာလီကျွန်း အုပ်ချုပ်ရေးမှူးက ယူ ၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အစ္စရေးနိုင်ငံ ပါဝင်ယှဉ်ပြိုင်မှာကို ပိတ်ပင်ပေးဖို့ အင်ဒိုနီးရှား အားကစားဝန်ကြီးထံတောင်းဆိုခဲ့ရာ အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများကလည်း ပြိုင်ပွဲမှာ အစ္စရေးပါဝင်မှုကို ပိတ်ပင်ပေးဖို့ FIFA ထံ ထပ်မံတောင်းဆိုခဲ့ကြောင်းသိရပါတယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က ပြိုင်ပွဲတွေမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှု မရှိဘဲ အားကစား စိတ်ဓါတ်အပြည့်နဲ့ယှဉ်ပြိုင်ခြင်းမျိုးသာ လုပ်ဆောင်ဖို့ သတ်မှတ်ချက်များရှိနေကြောင်း သိရပါတယ်။


zawgyi version
အင္ဒိုနီးရွားကို ယူ ၂ဝ ကမာၻ႔ဖလားအိမ္ရွင္အျဖစ္ လက္ခံက်င္းပခြင့္ေပးျခင္းကို ျပန္႐ုတ္သိမ္းလိုက္ ေၾကာင္း FIFA ေၾကညာ
ဂ်န္ဇက္ (NP News) - မတ္ ၃ဝ

ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ FIFA ဟာ အင္ဒိုနီးရွားႏိုင္ငံကို ယူ ၂ဝ ကမာၻ႔ဖလားၿပိဳင္ပြဲ အိမ္ရွင္အျဖစ္ လက္ခံက်င္းပဖို႔ ဆုံးျဖတ္ထားမႈကို ျပန္႐ုတ္သိမ္းလိုက္ေၾကာင္းသိရပါတယ္။

အင္ဒိုနီးရွားတာဝန္ရွိသူမ်ားဟာ ယူ ၂ဝ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အစၥေရးႏိုင္ငံ ပါဝင္ယွဥ္ၿပိဳင္မွာကို ကန႔္ကြက္ခဲ့ၿပီးေနာက္ FIFA က အခုလိုမ်ိဳး ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ FIFA က " လက္ရွိျဖစ္ပြားေနတဲ့ အေျခအေနေတြေၾကာင့္ အင္ဒိုနီးရွားကို ၂ဝ၂၃ ခုႏွစ္အတြင္းက်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲ အိမ္ရွင္အျဖစ္ လက္ခံက်င္းပျခင္းကို ျပန္႐ုတ္သိမ္းလိုက္တယ္။ အိမ္ရွင္အသစ္အျဖစ္လက္ခံက်င္းပမယ့္ ႏိုင္ငံအသစ္ကို မၾကာမီေၾကညာသြားမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲက်င္းပမယ့္ အခ်ိန္ နဲ႔ရက္ေတြကေတာ့ အေျပာင္းအလဲရွိမွာ မဟုတ္ဘူး" လို႔ေျပာပါတယ္။

အင္ဒိုနီးရွားႏိုင္ငံဟာ အဆိုပါ ယူ ၂ဝ ကမာၻ႔ဖလားၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ ၿမိဳ႕ေပါင္း (၆) ၿမိဳ႕မွာ လက္ခံက်င္းပဖို႔ အေစာပိုင္းက စီစဥ္ခဲ့ေပမယ့္လည္း လက္ရွိအခ်ိန္မွာ က်င္းပခြင့္ရမွာ မဟုတ္ေၾကာင္းသိရပါတယ္။ ယူ ၂ဝ ကမာၻ႔ဖလားၿပိဳင္ပြဲကို ေမလ ၂ဝ ရက္ကေန ဇြန္လ ၁၁ ရက္အထိက်င္းပသြားမွာျဖစ္ေၾကာင္း သိရပါတယ္။ အဆိုပါၿပိဳင္ပြဲကို အသင္းေပါင္း (၂၄)သင္းပါဝင္ယွဥ္ၿပိဳင္မွာျဖစ္ၿပီး အစၥေရးႏိုင္ငံက ၿပိဳင္ပြဲကိုပါဝင္ယွဥ္ၿပိဳင္ဖို႔ ပထမဆုံးအႀကိမ္ ေျခစစ္ပြဲေအာင္ထားတဲ့ အသင္းျဖစ္ပါတယ္။

အင္ဒိုနီးရွားဟာ ကမာၻ႔ႏိုင္ငံေတြထဲ မြတ္စလင္အမ်ားဆုံးရွိေနတဲ့ႏိုင္ငံျဖစ္ကာ လူဦးေရ သန္းေပါင္း ၂၇ဝ ေက်ာ္ရွိၿပီး ေဘာလုံးအားကစားနည္းက အင္ဒိုနီးရွားမွာလူႀကိဳက္မ်ားတဲ့ကစားနည္းျဖစ္ပါတယ္။ အင္ဒိုနီးရွားဟာ အစၥေရးနဲ႔ အျငင္းပြားမႈမ်ား၊ ပဋိပကၡမ်ားျဖစ္ပြားေနတဲ့ ပါလက္စတိုင္းကို ေထာက္ခံ အားေပးၿပီး အစၥေရးနဲ႔တရားဝင္ သံတမန္ဆက္ဆံေရး မရွိတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ 

ဘာလီကြၽန္း အုပ္ခ်ဳပ္ေရးမႉးက ယူ ၂ဝ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အစၥေရးႏိုင္ငံ ပါဝင္ယွဥ္ၿပိဳင္မွာကို ပိတ္ပင္ေပးဖို႔ အင္ဒိုနီးရွား အားကစားဝန္ႀကီးထံေတာင္းဆိုခဲ့ရာ အင္ဒိုနီးရွားေဘာလုံးအဖြဲ႕ခ်ဳပ္တာဝန္ရွိသူမ်ားကလည္း ၿပိဳင္ပြဲမွာ အစၥေရးပါဝင္မႈကို ပိတ္ပင္ေပးဖို႔ FIFA ထံ ထပ္မံေတာင္းဆိုခဲ့ေၾကာင္းသိရပါတယ္။ ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္က ၿပိဳင္ပြဲေတြမွာ လူမ်ိဳးေရး၊ ဘာသာေရး ခြဲျခားမႈ မရွိဘဲ အားကစား စိတ္ဓါတ္အျပည့္နဲ႔ယွဥ္ၿပိဳင္ျခင္းမ်ိဳးသာ လုပ္ေဆာင္ဖို႔ သတ္မွတ္ခ်က္မ်ားရွိေနေၾကာင္း သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မော်လမြိုင် - သံဖြူဇရပ်ကားလမ်းတွင် အမျိုးသမီး(၂)ဦး ပိုက်ဆံအိတ်လုယက်ခံခဲ့ရပြီး ထိခိုက်ဒဏ်များရရှိခဲ့

RELATED POSTS
RECENT POSTS
မြောက်ကိုရီးယားက တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ထပ်မံစမ်းသပ်ပစ်လွှတ်
18 Sep 2024
နေပြည်တော်တွင် အလှူရှင်များက လှူဒါန်းထားသော အစားအသောက်များကိုစားပြီးနောက် လူပေါင်း(၁၀၀)ကျော် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ဟု နစက ထုတ်ပြန်
18 Sep 2024
ယီမင်မှနေ၍ အစ္စရေးကို ဟိုက်ပါဆောနစ်ဒုံးကျည်သစ်များဖြင့် ပစ်ခတ်ခဲ့ဟု ဟူသီတို့ ပြော
18 Sep 2024
မြစ်သားမြို့နယ်တွင် သံဃာတော်တစ်ပါးကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်၍ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေကြေးများ လုယက်ယူဆောင်
18 Sep 2024
စစ်ကိုင်းတွင် ယာခင်းများသို့ တောင်ယာလုပ်ကိုင်ရန်သွားသော ရွာသူရွာသားများကို PDF အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ရာ (၁၅)ဦးပွဲချင်း ပြီး သေဆုံး
18 Sep 2024
လားရှိုးမြို့ ပြန်တစ်ဦးရဲ့ ရက်(၂၀)ကျော် အတွေ့အကြုံ (အင်တာဗျူး)
18 Sep 2024
မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများက မတန်တ ဆဈေးပေးပြီး နှစ်ရှည်အိမ်ငှားရမ်းမှုများ ရှိနေ
18 Sep 2024
အခြေခံဥပဒေပါ အရေးကြီးပုဒ်မများကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများ အစုအဖွဲ့နှင့် နစကတို့ကြား သဘောတူထား
18 Sep 2024
ပြည်ပသို့ တရားမဝင် သွားသည့် အိမ်အကူများထဲမှ အချို့ အာဖရိကတိုက်အထိပင် ပို့ဆောင်ခံရခြင်းများ ရှိနေ
18 Sep 2024
ရေဘေးသင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးပစ္စည်း စုစုပေါင်းတန်ချိန်(၅၃)တန် လှူဒါန်း
18 Sep 2024
စစ်၏အနိဋ္ဌာရုံများကို သိလာသောကြောင့် စစ်မရောက်သေးသော မြို့များတွင် နေထိုင်သူများက စစ်ရောက်မည်ကို စိုးရိမ်မှုများ တိုးလာ
18 Sep 2024
ဇင်ဘာဘွေနိုင်ငံမှာ ငတ်မွတ်နေတဲ့ ပြည်သူတွေကို အစားအစာ ကျွေးမွေးနိုင်ဖို့ ဆင်ကောင်ရေ (၂၀၀)ကို သတ်ဖြတ်ခွင့်ပြု
18 Sep 2024
မကာအိုမှာ အခန်းတွင်း ဆေးလိပ်သောက်ခြင်းကြောင့် K Pop အဆိုတော် ဘဲ့ဟွန်းရဲ့ အေဂျင်စီ တောင်းပန်ခဲ့ရ
18 Sep 2024
CB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်းCB Bank မှ ရေဘေးသင့်ဒေသများအတွက် ငွေကျပ်သိန်းပေါင်း သုံးသောင်း မတည်လှူဒါန်း
17 Sep 2024
နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုကြောင့် သေဆုံးသူ(၂၂၆)ဦးအထိ ရှိလာဟု နစကထုတ်ပြန်
17 Sep 2024
ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ(၂၂၈)သန်းတန်ဖိုးရှိ စစ်ဘက်ဆိုင်ရာအပိုပစ္စည်းတွေ ရောင်းချပေးဖို့ အမေရိကန်အစိုးရအတည်ပြု
17 Sep 2024
ဂါဇာမှာ ကာလရှည်ကြာစစ်ပွဲဖြစ်ပွားဖို့အတွက် အရင်းအမြစ်တွေလုံလုံလောက်လောက်ရှိတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ပြော
17 Sep 2024
တရုတ်နှင့်ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုပြဿနာများ၏(၇၅)ရာခိုင်နှုန်းခန့်ကို ဖြေရှင်းပြီးကြောင်း အိန္ဒိယအစိုးရပြော
17 Sep 2024
နေတိုးအဖွဲ့အတွက် သတိပေးချက်အသစ်ကို ရုရှားသမ္မတပူတင် ထုတ်ပြန်
17 Sep 2024
BRICS အဖွဲ့သို့ ဝင်ရောက်ရန် အာဆီယံ နှင့် ကမ္ဘာ့နိုင်ငံပေါင်း (၃၄)နိုင်ငံစိတ်ဝင်စားဟု ရုရှားသမ္မတပြော
17 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved