ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများက ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေခြင်းမျိုးဖြစ်ကြောင်း အမေရိကန်အစိုးရတာဝန်ရှိသူတစ်ဦးပြော
Pika (NSS) - မတ် ၁၆
အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများသည် ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းနှင့် ယီမင်ရှိပြည်သူများကို ခြိမ်းခြောက်နေခြင်းမျိုးဖြစ်ကြောင်း အရှေ့တိုင်းရေးရာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဘာဘရာလိဖ်က ပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသရှိ အစ္စရေးစစ်ပွဲကို လက်တုံ့ပြန်သည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ သင်္ဘောလမ်းကြောင်းများကို နှောင့်ယှက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့ကပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ(၇)ရက်တွင် ဟားမက်လက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံသား (၁၂၀၀) ကျော် သေဆုံးခဲ့ကြောင်းသိရသည်။ ထို့နောက် အစ္စရေးဘက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်အထိ ပါလက်စတိုင်းလူမျိုး(၃၁၀၀၀)ကျော် သေဆုံးခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရရှိရန်အတွက် အီဂျစ်နှင့်ကာတာနိုင်ငံတို့က ဆက်လက်ကြိုးပမ်းလျက်ရှိကြောင်းသိရသည်။ သို့သော်လည်း ဂါဇာကမ်းမြောင်ဒေသတွင် ငြိမ်းချမ်းရေးရရှိရန်အတွက် တိုက်ခိုက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သော ဟူသီလက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်သည် လက်ခံနိုင်စရာ လုပ်ရပ်မျိုး မဟုတ်ကြောင်း ဘာဘရာလိဖ်ကပြောကြားခဲ့သည်။
ဘာဘရာလိဖ်က "ဂါဇာကမ်းမြောင်ဒေသမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဟူသီလက်နက်ကိုင်အဖွဲ့က ဒီလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာလို့ ကျွန်မ မထင်ပါဘူး။ ဒါက ကုန်တင်သင်္ဘောတွေနဲ့ အပြစ်မဲ့သင်္ဘောသားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာမျိုးဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဓါတုပစ္စည်းတွေနဲ့ အခြားအန္တရာယ်ရှိတဲ့ မြေဩဇာတွေဟာ ပင်လယ်နီထဲကို ဖိတ်စင်နေပြီး ဖျက်ဆီးခံနေရတာပါ"ဟုပြောဆိုခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့သည် အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် အကြိမ်ကြိမ်ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် အထူးအစီအစဉ်အနေ ဖြင့် ကိုရီးယားမှ K-POP အဆိုတော်များ လာရောက်ဖျော်ဖြေမည်ဟု နစကဆို
RELATED POSTS
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
24 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ