မြစ်ကြီးနားမြို့တွင် လက်ကိုကြိုးဖြင့်တုတ်၍ ရိုက်နှက်သတ်ဖြတ်ခံထားရသည်ဟု ယူဆရသည့် အမျိုးသား အလောင်းတစ်လောင်း တွေ့ရှိ
သန့်ဇင် (NSS) - မတ် ၁ဝ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် လက်ကိုကြိုးဖြင့်တုတ်၍ ရိုက်နှက်သတ်ဖြတ်ခံထားရသည်ဟု ယူဆရသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း မျိုးဆက်သစ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါအလောင်းကို ယနေ့(မတ်လ ၁ဝ ရက်)၊ နံနက် ၇ နာရီ ၃ဝ မိနစ်အချိန်တွင် မြစ်ကြီးနားမြို့၊ တပ်ကုန်း ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီး၊ Mytel ရုံးရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကို ပတ်ဝန်းကျင်က ဒီအလောင်းတွေ့တယ်ဆိုပြီး လှမ်းခေါ်တာပါ။ ဒဏ်ရာက အတွင်းဒဏ်ရာတွေ များတာပေါ့။ လက်ကလည်း ကြိုးတုတ်ခံထားရတာ။ ခါးမှာ ညိုနေတာတွေ့တယ်။ ခန္ဓာကိုယ်မှာလည်း အပေါက် တွေနဲ့ ဆုံးနေတာပါ” ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။
သေဆုံးသူမှာ အသက်(၃၀)နှစ်အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး လက်(၂)ဖက်အား ကြိုးနှင့်တုတ်ခံရလျက် ပြည်ထောင်စုလမ်းမကြီး၏ ဘေး၌ သေဆုံးနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလိုမျိုးဖြစ်စဉ်က အရင်ကတော့ မရှိဘူး။ အခုမှတွေ့ရတာ။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး နယ်မြေမှူး ကိုယ်တိုင်လာပြီး စစ်ဆေးသွားတာရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းနိုင်ငံကို တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားမှာမဟုတ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ