ယူကရိန်းနိုင်ငံကို တပ်ဖွဲ့ဝင်တွေ စေလွှတ်သွားမှာမဟုတ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - မတ် ၁ဝ
ပိုလန်နိုင်ငံဟာ ယူကရိန်းနိုင်ငံကို တပ်ဖွဲ့ဝင်တွေစေလွှတ်သွားမှာ မဟုတ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ယူကရိန်းကို နေတိုးတပ်ဖွဲ့ဝင်တွေ စေလွှတ်ရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိနေချိန်မှာပဲ ပိုလန်ကာကွယ်ရေးဝန်ကြီး Wladysław Kosiniak-Kamysz က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
ပြင်သစ်သမ္မတမက်ခရွန်ဟာ ယူကရိန်းနိုင်ငံကို နေတိုးတပ်ဖွဲ့ဝင်တွေ စေလွှတ်ကောင်း စေလွှတ်နိုင်ဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်ပိုင်း ရုရှားနဲ့ နေတိုးအုပ်စုကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့ပြီး အမေရိကန် အပါအဝင် နေတိုးအဖွဲ့ဝင်နိုင်ငံအချို့က တပ်ဖွဲ့ဝင်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ပိုလန်နိုင်ငံဟာ ရုရှားနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်သလို နေတိုးအုပ်စုဝင်နိုင်ငံဖြစ်ရာ ရုရှားနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး မရှိကြောင်း သိရပါတယ်။ ဒါပေမယ့် ပိုလန်ကာကွယ်ရေးဝန်ကြီးက "ယူကရိန်းကို ကူညီထောက်ပံပေးမှုတွေ ဆက်လက်လုပ်ဆောင်မယ်။ နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ ပေးပို့ကူညီမယ်။ ဒါပေမယ့် ယူကရိန်းကို ပိုလန်စစ်သားတွေ စေလွှတ်မှာတော့ မဟုတ်ဘူး" လို့ ပြောပါတယ်။
ပိုလန်ဟာ ယူကရိန်း နဲ့ ရုရှား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ယူကရိန်းစစ်သားတွေကို အခြားနေတိုးအဖွဲ့ဝင်နိုင်ငံ တွေနည်းတူ ထောက်လှမ်းရေးအချက်အလက်များ ကူညီထောက်ပံ့ပေးခြင်း၊ စစ်သင်တန်းပေးခြင်းများ လုပ်ဆောင် ကူညီခဲ့ကြောင်း သိရပါတယ်။
ပိုလန်နိုင်ငံဟာ ဂျာမနီနိုင်ငံနဲ့ပူးပေါင်းပြီး ယူကရိန်းကို တင့်ကားတွေ၊ သံချပ်ကာ ကားတွေ ထပ်မံ ကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ရုရှားအစိုးရကတော့ နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းကို စစ်သားတွေစေလွှတ်ပေးမယ်ဆိုရင် နေတိုးနဲ့ ရုရှားနိုင်ငံကြား နျူကလီးယားစစ်ပွဲအန္တရာယ် ပိုမိုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်ကို အမေရိကန်သမ္မတ ဝေဖန်ပြစ်တင်
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း